Arc (2.7)

2K 204 4
                                    

Unicode

Yg: အင်း...မိဖုရားကြီးက ကိုယ်တော့်အဆောင်တော်အထိတောင်လာတာဆိုတော့ တောင်းဆိုစရာတစ်ခုခုများရှိလို့လား

" အရှင်က ကျွန်တော်မျိုးမဆီ တစ်ခါမှ မကြွချီလာဖူးတော့ ကျွန်တော်မျိုးမကဘဲ အရှင့်ဆီလာရောက် အရိုသေပေးရတာပါ "

Yg: အဟင်း....ကိုယ်တော်က မိဖုရားကိုအလေးမထားမိသလိုဖြစ်သွားတာဘဲ။ကိုယ်တော့်ရဲ့ ပေါ့လျော့မှုပါ။

" ကျွန်တော်မျိုးမ မဝံ့ရဲပါဘူး။အစထဲက အရှင်က ကျွန်တော်မျိုးမကို စုံမက်ခြင်းမှမရှိတာ။ ကျွန်တော်မျိုးမလို တိုင်းပြည်ရဲ့အလှထိပ်ခေါင်တစ်ယောက်တောင် အရှင်မျက်စိထဲမတိုးဘူးဆိုရင် အရှင်က ဘယ်လို မိန်းကလေးမျိုးကိုမှမျက်စိထဲထည့်လို့ရမယ်မထင်ဘူး "

ခနဲတဲ့တဲ့အပြုံးနဲ့ပြောလာတဲ့ ဆောင်ဂျီကြောင့် ယွန်ဂီ နှုတ်ခမ်းကိုတွန့်ပြုံးလိုက်မိတယ်။

Yg: အွန်း.....မိဖုရားကြီးပြောတာမှန်သားဘဲ ကိုယ်တော်ရဲ့မျက်လုံးထဲကိုတော်ရုံတန်ရုံတွေတိုးဖို့မလွယ်ကူဘူးလေ။အင်း...အထူးသဖြင့် အကြံကြီးပြီး ယုတ်မာတတ်တဲ့မိန်းကလေးမျိုးတွေပေါ့။

ဆောင်ဂျီအောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး

" အဟင်း....အရှင်က စကားပြောသိပ်ကြွယ်တော့။ ကျွန်တော်မျိုးမကို အပျင်းပြေစေပါတယ်။ မဖြစ်နိုင်တာသိရက်နဲ့ရှေ့ဆက်တိုးရင် နစ်နာမယ့်သူကကိုယ်တိုင်ဖြစ်နေတတ်ပါတယ်။ သတိထားတော်မူပါအရှင် "

Yg's pov: အဟက်.....အခုမှ မျက်နှာဖုံးကွာကျလာတော့တယ်

Yg: ကိုယ်တော်ကို သတိပေးရဲလောက်တဲ့အထိ မိဖုရားအာဏာကြီးမားနေမှန်း ကိုယ်တော်သတိမထားလိုက်ဘူး။တချို့လူတွေက ကိုယ်နေရာကိုယ်မေ့နေတတ်ကြတာဘဲ။

" မေ့နေတာမဟုတ်ဘဲ...ကိုယ့်ရဲ့နေရာကိုမေ့နေမှာဆိုလို့သတိပေးရတာပါ။တိုင်းပြည်တစ်ပြည်ရဲ့ ချစ်ကြည်ရေးဆက်သထားတဲ့မင်းသမီးကို လျစ်လျူရှုထားတာ အကျိုးဆက်တွေအများကြီးထွက်ပေါ်စေနိုင်လို့ ချင့်ချိန်စေရုံပါ "

Yg: အဟက်....မိဖုရာကြီးသာ တိုင်းပြည်မိခင်တာဝန်ကိုကျေအောင်ထမ်းဆောင်ပါ။တိုင်းပြည်ရဲ့ဦးသျှောင်နေရာကတော့ မိဖုရားကြီးအလှမ်းမမှီနိုင်တဲ့ကိစ္စဆိုတာ ဦးနှောက်ထဲဆွဲထားစေချင်တယ်။နောက်ဆုံးမရှုမလှ ဖြစ်သွားရင်ကိုယ်တော်လို အသက်စွန့်ကာကွယ်ပေးမယ့် ကိုယ်ရံတော်မှမရှိတာ

System 13 (season 2 ) (Completed)Where stories live. Discover now