Arc (4.4 )

1.8K 188 4
                                    


Unicode

ဒီလိုနဲ့သူတိို့မိသားစုလေးပျော်ရွှင်နေတာ နှစ်နှစ်​လောက်ဘဲရှိသေးတယ်။ အခုဆိုရင် မင်ယွင်က လျိုချင်းပိုင်ကိုအဖြေပြန်ပေးလိုက်ပြီ။တကယ်တော့ မင်ယွင်က တစ်ပတ်လောက်ကြာတာနဲ့တန်းအဖြေပေးလိုက်တာပါ။

ထယ်ထယ်ကတော့သူ့ host ကိုထိန်းမနိုင်တော့လိုလွှတ်ထားလိုက်ရတယ်။

အခုရက်ပိုင်းမှာတော့ လျိုချင်းလန်နဲ့ညီငယ်လေးတွေက ခွေးစာအသေကျွေးခံနေရပါတယ်။ ညီငယ်လေးတွေကငယ်သေးလို့ဘာမှမဖြစ်ပေမယ့် လျှိုချင်းပိုင်ခမျာသွေးတောင်အန်ချင်တဲ့အထိ ခွေးစာတွေနင်နေပါတယ်။ သူ့မိဘတွေကမချစ်တော့လည်းမချစ်လို့ ချစ်တော့လည်း ပါးပါးက ခမည်းတော်ကိုယ်ပေါ်ကတော့မဆင်းဘူး။ မြွေတွေကပျော့ပျောင်းတယ်ဆိုတာတော့သိပါတယ်။ ဒါပေမယ့်ခမည်းတော်က ပါးပါးကိုအမြဲချီထားပြီး တစ်ခါတစ်ခါထမင်းတောင်ခွံ့ကျွေးတာတော့လွန်တယ်မထင်ဘူးလား။  သူကတော့အလိုလိုနေရင်းကလေးထိန်းရာထူးကိုအော်တိုရောက်သွားရော။ ခမည်းတော်နဲ့အဆင်မပြေတုန်းကလည်း ထွက်ပြေးလွန်းတဲ့ပါးပါးကို အမြဲလိုက်ဖမ်းနေရတယ်။ဟော..အဆင်ပြေသွားတဲ့အခါကျတော့လည်းကလေးထိန်းနေရပြန်တယ်။သူ့ဘဝလေးဘယ်သောအခါမှ နားနားနေနေနေရပါတော့မလဲ။

တွေးရင်းရှေ့ကမိဘနှစ်ပါးကိုကြည့်လိုက်တော့ ဘယ်ကရှာလာမှန်းမသိတဲ့သစ်တော်သီးတွေကိုခမည်းတော်က ပါးပါးကိုခွံကျွေးနေတယ်။

အား......

ရုတ်တရက်ထအော်လိုက်တဲ့ လျှိုချင်းလန်ကြောင့် မင်ယွင်စားနေရင်းတန်းလန်းနဲ့လန့်ပြီးသီးသွားသည်။

V: လန်အာ...ဖြေးဖြေးအော်လေ။ မင်းပါးပါးလန့်သွားပြီ။ မင်လေးဖြေးဖြေးစား ကလူ..ကလူ..သီးကုန်ပြီ ရော့..ရေသောက်လိုက်ဦး။

လျိုချင်းလန်ကတော့ မျက်နှာကြီးမဲပုတ်သွားကာ မြွေပေါက်စသုံးကောင်ကိုချီပြီးအိမ်ထဲဝင်သွားလိုက်တယ်။ rs တွေမီဝေါ့။

နေ့ရက်တွေကိုအဆင်ပြေပြေဖြတ်ကျော်နေရင်းတစ်နေ့မှာ..မင်ယွင်တောထဲလျှောက်လည်ပြီးပြန်လာတော့ အိမ်ထဲကကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ တကိုယ်လုံးဖြူစုတ်စုတ်လူသားကိုတွေ့လိုက်တယ်။

System 13 (season 2 ) (Completed)Where stories live. Discover now