Arc (5.5)

1.5K 142 4
                                    


Unicode

Yg: မင်းက ကျောင်းသားအသစ်မလား

" ဟို..ဟုတ်..ဟုတ်ပါတယ် "

Yg: နောက်တစ်ခါ တစ်ယောက်တည်းစွတ်မထွက်လာနဲ့ကြားလား။ ငါနဲ့မတွေ့ရင် မင်းဘာဖြစ်သွားမယ်ထင်လဲ

" ဟို..ကျွန်..ကျွန်တော်က အိမ်ကိုစိတ်ဆိုးပြီးထွက်လာ "

Yg: စိတ်ဆိုးလို့ရှိရင်လည်း ကိုယ့်ကိုယ်ကိုမထိခိုက်အောင်ဆိုးလေ။နောက်တစ်ခါ အဲ့လောက်မဆိုးနဲ့ကြားလား

" ဟုတ် "

Yoongi မိမိပြောစကားကိုတစ်ခါတည်းတန်းခေါင်းညိတ်ပြီးလက်ခံတဲ့ ကောင်လေးကိုကြည့်ပြီးပြုံးလိုက်တယ်။

ဒီတစ်ခါ ဇာတ်လိုက်မ (male)ကတော့ စိတ်သဘောထားကောင်းပုံရတယ်။ အခုလည်းကြည့် မိမိ့ ကို လေးစားပြီးအားကိုးတဲ့ မျက်လုံးတွေနဲ့ကြည့်နေတာ ကိုယ့်ကိုကိုယ်တောင်ပြန်ဂုဏ်ယူချင်သွားတယ်။

Yg: မင်းကကျောင်းသားသစ်လား

" ဟုတ်ကဲ့ "

Yg: သြော်...ဒါကြောင့်မင်းကိုမတွေ့ဖူးတာကို။

" ဟို..ဒီအကိုက

Yg: အာ...ငါကအဲ့ကျောင်းကဆရာလေ

" ဗျာ...မဂ်လာပါ ဆရာ "

Yg: ဟင်...ဟား...ဟား...မဂ်လာပါ ကွာ

Yoongi အခုစိတ်အခြေအနေအရမ်းကောင်းနေတယ်။ လက်စားချေစရာတွေ ဘာတွေမရှိဘဲကောင်းကောင်းမွန်မွန်နေထိုင်သွားရမှာ ဘယ်လောက်တောင်ကောင်းလဲ။ သူလည်း မောင့် ကိုမြန်မြန်ရှာမှပါ။အခုချိန်ထိဆိုရင် ဇာတ်လိုက်ကမောင် ဖြစ်နိုင်ချေအများဆုံးဘဲ။ အတိအကျသိရအောင် သွားနမ်းလိုက်ရမလား။ အဲ့တာလည်းမဖြစ်သေးဘူး။မတော်လို့ ဇာတ်လိုက်ကမောင် မဟုတ်ခဲ့ရင် မောင်က အဲ့အကြောင်းတွေပြန်သိသွားရင်ဖြင့် သူအိပ်ရာထဲကထွက်နိုင်တော့မှာမဟုတ်။ ကိုယ်လူက ဘယ်လောက်တောင်သဝန်တိုစိတ်ပျင်းလဲဆိုတာ ကိုယ်အသိဆုံး..ဟူး...ငါတော့ရူးတော့မှာဘဲ

ကိုယ့်အတွေးနဲ့ကိုယ် ကားမောင်းနေရင်း ကျောင်းတောင်ဘယ်လိုရောက်သွားမှန်းမသိ။

Yg: ကောင်လေး ကျောင်းရုံးခန်းသွားမှာမလား။ငါနဲ့လိုက်ခဲ့။

System 13 (season 2 ) (Completed)حيث تعيش القصص. اكتشف الآن