Arc (3.3)

1.9K 194 7
                                    


Unicode
" host..."

Yg ကြောင်အသွားပြီးအရှေ့က သေးသေးကွေးကွေးကောင်လေးကိုသာစိုက်ကြည့်နေလိုက်တယ်။

Yg: ထယ်ထယ်

Tt: အီး......host

ရုတ်တရက်ထငိုနေတဲ့ထယ်ထယ်ကြောင့် yoongi ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူတို့နှစ်ယောက်ဘက်ကို စိတ်ဝင်စားနေသလို ကြည့်နေကြတာကြောင့် ထယ်ထယ် ကိုလက်ဆွဲကာ ကားပေါ်တက်ပြီး ကျောင်းနားက ဆိုင်သောက်ဆိုင်တစ်ဆိုင်ကိုအမြန်ဆုံးသွားလိုက်တယ်။

------------------------

Yg: ကဲ....ပြောဘာတွေဖြစ်နေတာလဲ

Tt: အဲ့တာ host ကြောင့်လေ။ host က အပြစ်လုပ်ရင် system ပါအတူတူအပြစ်ပေးခံရတာ။

Yg: အဲ့တော့ မင်းကပါ ငါနဲ့အတူတူ အပြစ်ဒဏ်ခံဖို့အတွက် ဒီကိုရောက်နေတာပေါ့

Tt: ဟုတ်တယ်..host ။အခုဆိုရင် ကျွန်တော့်မှ ဇာတ်လိုက်မရန်ကလည်း မနည်းကွေ့ပတ်ရှောင်နေရတယ်။ system ဖြစ်နေတော့ အရမ်းကြီးဇာတ်ကြောင်းပြောင်းသွားအောင်လုပ်လို့မရဘူး။ ပြီးတော့ host ကိုခါတိုင်လို အများကြီးမကူညီပေးနိုင်တော့ဘူး။

Yg: ငါကရပါတယ်ကွာ။ ဒီကမ္ဘာက misson ကအဲ့လောက်မခက်ပါဘူးကွ

Tt: host အပြစ်ပေးခံရတာနော်။ဘယ်သူက အဲ့လောက်လွယ်တဲ့ ကမ္ဘာထဲ host ကိုလွှတ်မလဲဗျ။ ရှင်းရှင်းပြောရရင် ဒီကမ္ဘာမှာ host ကကိုယ့်ကိုယ်ကို အလုံးစုံမပိုင်ဘူး။ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်မှရမယ်။ မဟုတ်ရင် သူတို့သတ်မှတ်ထားတဲ့ လူအရေအတွက်အပြင် တခြားလူတွေကိုပါသတ်မိလိမ့်မယ်။

Yg: ဟမ်....အဲ့တာဆိုရင် ငါက သတ်မှတ်ထားတဲ့လူအရေအတွက်ကို ပြည့်တာနဲ့ဆေးကုသမှုခံယူရမှာပေါ့

Tt: အင်း

Yg: သြော်...ဒါနဲ့ မင်းအခုနေရတာ အဆင်မပြေဘူးဆိုရင် ငါနဲ့အတူလာနေလေကွာ။ မင်းအမ ရန်ကရှောင်လို့ရတာပေါ့

Tt: ဘာကို ထယ်ထယ့်အမလဲ အဲ့ အကျင့်ယုတ်ဇာတ်လိုက်မနဲ့ ဘာမှကိုမတော်ဘူး

Yg: ရှူး.....တိုးတိုးကွ။ ပတ်ဝန်းကျင်က ငါတို့ကိုအရူးလို့ထင်နေဦးမယ်။ ငါ့ကို yoonie လို့ပဲခေါ်တော့။ မင်းကိုလည်း jihoon လို့ဘဲခေါ်မယ်

System 13 (season 2 ) (Completed)Donde viven las historias. Descúbrelo ahora