Part (6.5)

1.4K 142 25
                                    


Unicode

ဇာတ်လိုက်မက ကြောင်ကိုကြည့်ပြီး ဒေါသထွက်လာတာကြောင့်

" သွား...ရှူး..ရှူး.."

Yg's pov: အောင်မယ် ဒင်းက ငါ့ကိုလာနှင်ထုတ်နေသေးတယ်။

Yg မျက်နှာကို မှုန်ကုတ်ကုတ်လုပ်လိုက်ပြီး မီးဖိုချောင်ထဲကို တစ်လှမ်းချင်းဝင်လာခဲ့သည်။

" တောက်စ်..မျက်နှာဘေးကိုက ကျက်သရေတစ်စက်မှမရှိဘူး။ ဦးကလည်း ဒီလိုကောင်မျိုးကို ဘယ်လိုလုပ်ဒီလောက် သည်းသည်းလှုပ်နေမှန်းကိုမသိဘူး "

Yg's pov: အောင်မယ်...ဦးဆိုဘဲ။ဒါ..ဟိုကောင် ရှုပ်ထားတဲ့ဇာတ်ရှုပ်တွေ။ မင်းကြောင့်ငါအပြောခံနေရပြီနော်။ဒင်း ပြန်လာမှငါနဲ့တွေ့မယ်

Yg ဒေါသထွက်နေတုန်း သူ့ကိုဂုတ်ကဆွဲမြှောက်လိုက်တဲ့ ဇာတ်လိုက်မကြောင့်

Meow.....
( ဒါဘာသဘောလဲ။ ဇာတ်လိုက်မဆိုတိုင်း လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား။ )

Gar...gar .

Yg ဒေါသထွက်ထွက်နဲ့ အတင်းရုန်းလိုက်ပြီး ဇာတ်လိုက်မမျက်နှာကိုခုန်ပြီးကုတ်လိုက်သည်။

Yg's pov: ကြောင်ဖြစ်တာ ဒီတစ်ချက်တော့တော်တော်ကောင်းတယ်။ခုန်ကုတ်လို့ရတယ် ဟီး..ဟီး

"အား....တောက်စ် ကြောင်စုတ် နင်နဲ့ငါနဲ့တွေ့မယ် "

Meow.....
( လာစမ်းပါ ဘလာ..ဘလာ..)

V: အဲ့ဒါ ဘာတွေဖြစ်နေကြတာလဲ။

" ဟင့်...ဦး ရဲ့ကြောင်ပေါ့။Maria က ကြောင်ကချစ်စရာလေးမို့ ချီကြည့်မို့ဟာ သူက မာရီယာ့ မျက်နှာကိုလှမ်းကုတ်တယ်လေ။ "

Yg's pov: လာပြန်ပြီ ဒီဦး။နောက်တစ်ခေါက်ကြရင် ပြောတဲ့ပါးစပ်ကို လှမ်းကုတ်ပစ်ဦးမယ်။

V: မင်းကို တစ်ခါတည်းမှာထားလိုက်မယ်။နောက်တစ်ခါကြရင် ငါ့ကလေးကို ထိစရာကိုမလိုဘူး။ကြားလား။ ကြည့်ရတာ တော်တော်အလုပ်အားနေတယ်ထင်တယ်။သွား စတိုးခန်းကိုသွားရှင်းလိုက်။

ဇာတ်လိုက်မကတော့ သူ့ကို ပြောတဲ့မျက်နှာကြီးနဲ့တခြားစီ ဟိုကြောင်စုတ်ကိုနူးနူးညံ့ညံ့လေးချီပြီး ထွက်သွားတဲ့ ဦးကိုကြည့်ပြီးအံကိုတင်းတင်ကြိတ်ထားမိသည်။ဘယ်လိုဘဲဖြစ်ဖြစ် ဦးကိုပိုင်ဆိုင်ရမယ့်သူက mariaဘဲဖြစ်ရမှာ။

System 13 (season 2 ) (Completed)Where stories live. Discover now