Arc(6.6)

1.4K 142 11
                                    

Unicode

V: baby လေးရေ ဒီတစ်ခေါက် ကိုယ်နယ်စပ်ကို အလုပ်ကိစ္စသွားစရာရှိတယ်။အဲ့တာ Gaga လေးကိုပါလာခေါ်တာ။

meow.....

V: daddy သိတာပေါ့ ။gaga လေးက daddy ကိုမခွဲနိုင်ဘူးဆိုတာ။လာပါဦး ဒယ်ဒီကိုလာနမ်းဦး။အူးမွခ်ျ

meow...meow
( ငါလှမ်းကုတ်လိုက်ရ မကောင်းရှိတော့မယ်။ ချီးကို ဒယ်ဒီ။ မောင် မင်းမို့လို့ငါခွင့်လွှတ်ထားတာနော်။ ငါလေ တချို့အကြောင်းအရာတွေကို နည်းနည်းချင်းဆီ ပြန်မှတ်မိလာပြီသိလား။ငါမှတ်မိသလောက်တော့ မင်းမျက်နှာကြီးကို သွေးထွက်အောင်ကုတ်ပစ်ချင်စိတ်ပေါက်တဲ့ကိစ္စတွေဘဲ မင်းလုပ်ထားတာ။ ဒီmission ကငါ့အတွက်နောက်ဆုံးဖြစ်လိမ့်မယ်လို့ ငါထင်နေတယ်။မင်းဟိုရောက်ရင် အပြစ်ပေးခံရဖို့သာပြင်ထားတော့ )

တစ်‌ယောက်တည်း အဲ တစ်ကောင်တည်းအတွေးလွန်နေတဲ့ကြောင်လေးကို ရင်ခွင်ထဲကိုအသာအယာပွေ့ချီလို့ ကားပေါ်ကိုတက်လာခဲ့သည်။ကားပေါ်ရောက်တဲ့အထိ အသိကပ်ပုံမရသေးတဲ့ကြောင်လေးကြောင့် V ညစ်ကျယ်ကျယ်တစ်ချက်ပြုံးလိုက်ပြီး ကြောင်လေးရဲ့ခေါင်းတစ်ခုလုံးကိုပါးစပ်ထဲငုံလိုက်သည်။အဲ့အခါကြမှ သတိကပ်လာတဲ့ကြောင်လေးက လက်သည်းဖွတ်ထားတဲ့ လက်လေးနဲ့ ပါးစပ်ကိုတဖတ်ဖတ်ရိုက်လို့လွှတ်ပေးဖို့ အသည်းအသန်တောင်းဆိုတော့သည်။ခနကြာငုံထားပြီးတဲ့အခါမှာတော့ အသက်ရှုကြပ်သွားမှာဆိုးလို့ ဖြေးဖြေးချင်းပါးစပ်ထဲက လွှတ်ပေးလိုက်တယ်။ ရှုပ်ပွနေတဲ့အမွှေးတွေနဲ့ မှေးပြီးစူးရှရှကြည့်လာတဲ့ မျက်ဝန်းတွေကြောင့် Vတစ်ယောက်ရယ်ချင်နေတာကိုပင် မနည်းအောင့်ထားလိုက်ရသည်။မနေနိုင်တဲ့ဆုံး ဟိုဘက်ကိုလှည့်လို့ ခပ်တိုးတိုးကြိတ်ရယ်မိသည်။တကယ်ဆံ့မယ်ဆိုရင် ထိုကြောင်ပေါက်တစ်ကိုယ်လုံးကို မြိုချထားချင်တာပင်။ခေါင်းလေးဘဲဆံ့လို့ ကံကောင်းသွားတယ်မှတ်။

meow...meow
( ဒီကိစ္စငါမှတ်ထားလိုက်ပြီ။ ဟိုရောက်ရင် မင်းဒီအတွက်ပါပေးဆပ်ရမယ် ဟွန့် )

ဒါပင်မကသေး တစ်လမ်းလုံး ဗိုက်ကိုလက်ညှိုးနဲ့ထိုးလိုက် လက်ကိုဆွဲပြီးပါးစပ်ထဲငုံလိုက် တစ်ခါတစ်လက်အမြီးလေးကို လက်နဲ့ပွတ်လိုက်လုပ်နေတဲ့ ထယ်ယောင်းကြောင့် တစ်လမ်းလုံးကိုမနည်းသည်းခံပြီးလိုက်လာရသည်။

System 13 (season 2 ) (Completed)Where stories live. Discover now