EXTRA

1.5K 127 8
                                    


Unicode


" ကြာပန်းဖြူလေး မင်း ဒီနေ့ကစပြီးကိုယ့်အပိုင်ဘဲ "

ရှောင်းကျန့် ရေကန်ထဲက ထလိုက်ပြီးဝတ်ရုံကို ကိုယ်ပေါ်မှာ လွှမ်းခြုံလိုက်သည်။

ပြီးတာနဲ့ ရေကန်ထဲမှာ ကျန်နေခဲ့တဲ့ ကြာပန်းဖြူလေး အဟက် တနည်းအားဖြင့် ကြာပန်းနီလေးကို ခူးလိုက်တော့ လက်ထဲအလွယ်တကူပါလာတာကြောင့် ပြုံးလိုက်ပြီး နတ်ဆိုးနန်းဆောင်ကို ယူဆောင်သွားလိုက်တယ်။

yb's pov: ဟင် ဒီလူအိုကြီးက ငါ့ကို ဘယ်ခေါ်သွားမလို့လဲ။ ငါငှက်ပုံပြောင်းလိုက်ရမလား။ မဟုတ်သေးဘူး အခုချိန်ပြောင်းလိုက်ရင် ပိုသိသာတယ်။ဟင့် ပါးပါးရေ ခမည်းတော်ရဲ့ရက်စက်မှုကြောင့် သားတော်လေးကို နတ်ဆိုးကြီးဖမ်းခေါ်သွားပြီ။မဟုတ်မှ ကြာစွယ်ဟင်းချိုများ ချက်သောက်တော့မလို့လား။အီး ငါလေးမသေချင်သေးဘူး။ နန်းဆောင်မှ မွှေလို့မဝသေးဘူးလေ။ ရိပေါ်လေးမရှိတော့ရင် ဥယျာဉ်ထဲက မက်မွန်သီးတွေ အထီးကျန်နေလိမ့်မယ် ဟင့် "

ရှောင်းကျန့် လက်ထဲက အနီရောင်ကနေ တဖြည်းဖြည်း အဝါ‌ရောင်လေးကို ပြောင်းလာတဲ့ ကြာပန်းလေးကိုကြည့်ပြီး နှုတ်ခမ်းအစုံတွန့်ချိုးသွားတယ်။ ကြောက်နေတဲ့ ကြာပန်းဖြူလေးကို ထပ်ပြီးစနောက်ချင်နေသေးတာကြောင့်

" အင်း ကြာပန်းဟင်းချိုလေးနဲ့ ငါးကင်နဲ့ဆိုရင် "

ပြောရင်း လျှာသပ်လိုက်တဲ့ ရှောင်းကျန့်ကြောင့်

Yb's pov: အီး အင့် ပါးပါးရေ ကြာပန်းဟင်းချိုတဲ့။

ရိပေါ်မှာ ချက်ချင်းလက်ငင်းပြောင်းပြီးပြေးလိုက်ချင်သော်လည်း အစွမ်းတွေထိန်းချုပ်ခံထားရတာကြောင့် သိပ်ပြီးအဆင်မပြေ။အခုတောင် တော်တော်အားနည်းနေပြီပင်။

Yb's pov: မဖြစ်ဘူး အတွင်းအားအဲ့လောက်မကျန်တော့ဘူး။ ဘာပြောင်းရမလဲ စဉ်းစားစမ်း စဉ်းစားစမ်း။ကောင်းကင်ပုံမှာ မွှေလာတဲ့ဦးနှောက်က သေခါနီးအချိန်ကျ ဘာမှထွက်မလာတော့ဘူး။အာ ဟုတ်သား ဦးလေးငယ်ရဲ့ ဖီးနှစ်ငှက်ပုံစံပြောင်းလိုက်လို့ရတယ်။ အဲ့တာမှ ဒီလူကြီးကြောင်ကြည့်နေတုန်းပျံပြေးလို့ရမှာ

System 13 (season 2 ) (Completed)Where stories live. Discover now