Arc (3.6)

1.9K 198 2
                                    


Unicode

Yoonie တို့ စီနီယာ ဟန်မင်ဆော့ကို ဖမ်းချုပ်ထားတဲ့နေရာအရောက်

Yg: ကျွန်တော်တစ်ယောက်တည်း နေခဲ့ချင်တယ်

Taehyun ကလက်မခံချင်သလိုကြည့်လာတာမလို့

Yg: အပိုတွေလုပ်မနေနဲ့။ ဒါခင်များနေရာ..နေရာတိုင်းမှာ CCTV တွေချည်းဘဲ။အဲ့ဒါကို စိတ်မချသလို လာလုပ်မနေနဲ့။

V: inn ကိုယ်အပြင်မှာ စောင့်နေမယ်နော် Min ။အေးအေးဆေးဆေးလုပ်

အခန်းတံခါးပိတ်သံကြားလိုက်တာနဲ့ yoonie အဆင့်သင့်ယူလာတဲ့ ခေါက်ဓားလေးကိုဖွင့်ပြီး လက်မှာလှည့်ပတ်ကစားနေကာ အရှေ့မှာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့ စီနီယာ ဟန်မင်ဆော့ကို အရသာခံကြည့်နေလိုက်တယ်။ဒီလိုအချိန်တွေဆိုရင် yoonie ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့။ တစ်စုံတစ်ခုက သူ့စိတ်အမှောင်ဘက်ခြမ်းကိုလာရောက်လွှမ်းမိုးချုပ်ကိုင်ထားသလိုဘဲ။

ဒီအဖြစ်အပျက်တွေကို CCTV ကနေကြည့်နေတဲ့ Taehyun အပါအဝင် သူ့လက်ထောက်ကပါစိတ်ဝင်တစားကြည့်နေကြတယ်။ Taehyun က သူ့Min လေးရဲ့ dark side ကို မြင်ခွင့်ရတော့မှာမလို့ စိတ်လှုပ်ရှားပြီး screen ကိုမျက်တောင်မခတ်ဘဲကြည့်နေ၏။

ဒီကောင်လေးကို အရင်ကမိဘချင်းသဘောတူထားရုံကလွဲလို့ စိတ်ထဲဘာမှမရှိတာမလို့ ကောင်လေးအကြောင်းတွေကိုလည်း မစုံစမ်းဘဲ ဒီအတိုင်းသာနေခဲ့မိတယ်။ အခုတော့ ကိုယ်မင်းအကြောင်းတွေကို သေချာသိအောင်လုပ်ရတော့မယ်နဲ့တူတယ်.. Min...မင်းက ကိုယ့်အပိုင်။

Yoonie ဓားကို ဖြည်းညှင်းစွာလှည့်ပြီးတော့ ဟန်မင်ဆော့ရဲ့ ရှေ့မှာဒူးတစ်ဖတ်ထောက်ပြီးထိုင်ချလိုက်တယ်။လက်ထဲကဓားနဲ့ စီနီယာ မင်ဆော့ရဲ့ မေးစေ့ကိုမတင်လိုက်ပြီး မိမိမျက်နှာကို စိုက်ကြည့်စေလိုက်ကာ

Yg: အဟင်း...မျက်လုံးတောင်ကောင်းကောင်းမဖွင့်နိုင်သေးပါလား။ ဘယ်လိုလုပ်မလဲ။ ဒီအတိုင်းကြီးဆိုရင် ပျော်စရာမကောင်းတော့ဘူးမလား

" ငါ...ငါ့ကို လွှတ်ပေး "

အသံကအရမ်းတိုးလွန်းတာကြောင့် yoonie မနည်းအားစိုက်နားထောင်ရတယ်

System 13 (season 2 ) (Completed)Where stories live. Discover now