Prologue🍑

2.9K 205 13
                                    

16ရာစု​နှောင်းပိုင်း, ဂျိုဆွန်းပြည်

​အေးခဲ​နေတဲ့​ဆောင်းရာသီကို​ကျော်ဖြတ်ပြီး​နွေဦးသို့​ရောက်ရှိလာပြီဖြစ်လို့မက်မွန်ပန်းတို့ကစတင်ပွင့်ဖူး​လေပြီ။ နှင်းပွင့်တို့ကအပြည့်အဝမဆုတ်ခွာ​သေးပဲ မက်မွန်ပင်​တွေ​ပေါ်ရသ​လောက်တွဲခို​နေရာယူ​နေသည်။

နန်း​တော်​တွင်းကတံတားခုံး​လေး​ပေါ်တွင်​တော့ ထိုမက်မွန်ပွင့်​တွေကိုပါးစပ်အ​ဟောင်းသားနဲ့​ငေးကြည့်​နေတဲ့က​လေးငယ်တစ်​ယောက်ရှိခဲ့သည်။

ကြည်လဲ့​နေတဲ့မျက်ဝန်းအစုံဟာဝိုင်းစက်လို့​နေပြီး
ပါးပြင်နုနု​လေး​တွေဟာအ​အေးရှိန်​ကြောင့်ပန်း​ရောင်သန်း​နေသည်။ ထိုက​လေးငယ်က​တော့အ​အေးဒဏ်ကိုမမှူစွာ ​ရေခဲရိုက်မက်မွန်ပွင့်တို့ရဲ့အလှမှာသာ​မေ့​မျောလို့​နေသည်။

"ပါ့ခ်​ဆောင်းဟွန်း စိတ်ပုတ်​ကောင်"

ထုံးစံအတိုင်းဂျုံ​ဆောင်းတစ်​ယောက်သူ့ရဲ့အမွှာညီအစ်ကိုဖြစ်တဲ့​ဆောင်းဟွန်းနဲ့ရန်ဖြစ်လာခြင်းဖြစ်သည်။

"အရုပ်​လေးပဲကို အငယ်ကို​လျှော့​ပေးလိုက်​တော့ဘာဖြစ်မှာမို့လို့လဲ"

​ခြေကို​ဆောင့်ရင်းပွစိပွစိ​ပြောကာထွက်လာ​နေသည်။

ဘုတ်*

"အင့်"

လက်ကို​နောက်ပစ်ပြီးမြေပြင်ဆီသို့သာ ​ခေါင်းငိုက်စိုက်ချရင်း​လျှောက်လာ​နေတာ​ကြောင့် မမြင်မစမ်းနှင့်ဝင်တိုက်မိ​လေပြီ။
မီး​လောင်ရာ​လေပင့်သလို​ဒေါသ​တွေပိုထွက်လာရတာ​ကြောင့်မာန်မဲပစ်မယ်အလုပ်...ဖင်ထိုင်ရက်လဲကျ​နေတဲ့က​လေးငယ်ရဲ့မျက်ဝန်းဝိုင်းဝိုင်းတို့နဲ့အဆုံမှာစကားလုံးတို့​ပျောက်ဆုံးသွားရသည်။

ထိုမျက်ဝန်း​လေး​တွေထဲမှာမျက်ရည်ကြည်​တွေ...

မဲ့တက်လာတဲ့မျက်နှာ​ကြောင့် ဂျုံ​ဆောင်းခပ်တိုးတိုး​ရေရွှတ်မိသည်။

'မငိုလိုက်ပါနဲ့ မငိုလိုက်ပါနဲ့'

"အီး ဟီး"

ဂျုံ​ဆောင်းရဲ့ဆု​တောင်းစကားမဆုံးခင်မှာပင်အနှီ​ကောင်​လေးက အာဗြဲကြီးနှင့်ထငို​တော့သည်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now