8🍑

1K 167 31
                                    

"ဒါ​တွေကဘာဖြစ်တာလဲ"

မင်းသားငယ်ကအနမ်းတို့ကိုရပ်တန့်လိုက်ပြီးပြီးချင်း အုပ်ကိုင်ထားတဲ့လက်​ပေါ်ကဒဏ်ရာ​တွေကို​မေးခွန်းထုတ်​တော့သည်။ နားမလည်နိုင်စရာအနမ်းအတွက် ​မေးခွန်းထုတ်ချိန်မရသလို ရှက်​သွေးဖြာ​နေမယ့်အချိန်လဲမရလိုက်...။

"အာလူးနွှာတုန်းက ဓါးနဲ့ထိမိထားတာ​တွေ"

​ဂျောင်းဝန်းလက်​တွေကိုအမြန်ဖွက်လိုက်​ပေမယ့် မင်းသားငယ်ကပြန်လည်ဆွဲယူသည်။ အင်္ကျီလက်ထဲကပိုးသားပုဝါတစ်ထည်ကိုထုတ်ကာ ​ဂျောင်းဝန်းရဲ့လက်ကိုစည်း​ပေးလာသည်။

"အခု ကိုယ့်အပိုင်ဖြစ်သွားပြီဆို​တော့ အများကြီးဂရုစိုက်ရမယ်
အနာတရမဖြစ်​စေနဲ့"

"ဗျာ"

ခရီး​ရောက်မဆိုက် လူကိုနမ်းချင်သလိုဆွဲနမ်းသွားပြီး အခု​ပြောလာတဲ့မင်းသားငယ်ရဲ့စကား​တွေကလဲ ထူးဆန်းသည်။ ပိုင်စိုးပိုင်နင်းနဲ့ အထင်လွဲမှား​စေတဲ့စကားမျိုး...။
​ဂျောင်းဝန်းနားမလည်တာနဲ့ ​ခေါင်း​လေး​စောင်းကာထပ်လို့​မေးခွန်းထုတ်မိသည်။
ကိုယ့်ကိုကိုယ်​တော်လှပြီထင်သမျှဟာ မင်းသားငယ်​ရှေ့​ရောက်မှပဲ အကုန်လိုက်​မေးခွန်းထုတ်​နေတဲ့ ငဒူတစ်​ကောင်လိုခံစားရ​တော့သည်။

"မ​နေ့က​ပြောခဲ့တယ်မလား
အနားမှာ​တောက်တဲ့လိုတွယ်ကပ်​နေပြီး အလိုရှိတာမှန်သမျှဖြည့်ဆည်း​ပေးသွားမယ်ဆို"

"အဲ့တာ ကျွန်​တော်က​သေရည်မူး​နေလို့​ပြော..."

ရှက်ရမ်းပြီးငြင်းဖို့ပြင်​နေတဲ့စကားဟာ မင်းသားငယ်ရဲ့တွန့်ချိုး​နေတဲ့မျက်ခုံးနှစ်ဖက်​အောက်ကစူးရဲ​နေတဲ့မျက်ဝန်းတို့နဲ့အဆုံမှာရပ်တန့်သွားသည်။

"အဲ့​တော့ အလိုရှိတာကိုမဖြည့်ဆည်း​ပေးနိုင်ဘူးဆိုတဲ့သ​ဘော​ပေါ့"

"အဲ့တာက..."

"ရတယ်​လေ အမတ်ကြီးကိုသူ့သားဆောင်ကြာမြိုင်ခိုးသွားတဲ့အ​ကြောင်းပြန်​ပြောကြတာ​ပေါ့"

လက်​နောက်ပစ်ရင်း တစ်လှမ်းချင်းဟန်ပါပါထွက်သွားတဲ့သူကိုကြည့်ကာ ​ဂျောင်းဝန်း​ကြောင်​နေမိသည်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now