1🍑

1.3K 205 34
                                    

Unicode

​နွေ၏နေ့လည်ခင်းသည် တစ်ချက်တစ်ချက်ထွက်​ပေါ်လာတတ်​သောငှက်​အော်သံမှလွဲ၍တိတ်ဆိတ်ကာ အနည်းငယ်ပျင်းရိဖွယ်​ကောင်း​လေသည်။
စာသင်သားတို့စာ​လေ့လာချိန်ဖြစ်၍​ဆောင်ကျန်ကွမ်​ကျောင်း​တော်အတွင်းမှာ​တော့ စာရွက်လှန်သံတို့သာကြား​နေရသည်။

စာသင်သားအားလုံး​ကနေရာကိုယ်စီယူကာ
အထပ်လိုက်​သော ကွန်ဖြူးရှပ်၏အဆုံးအမတို့အား အ​သေအချာ​လေ့လာ​နေကြသည်။

​ဂျောင်းဝန်းမျက်လုံးကိုဟိုဟိုဒီဒီအလုပ်​ပေးလိုက်သည်။ သူမှလွဲ၍ သူ့​ဘေးကကင်မ်​ဆောနူးအပါအဝင်အကုန်လုံးကစာကိုစိတ်ဝင်စားရှိ​နေကြသည်။ ဆရာဖြစ်သူအပါအဝင်အကုန်လုံးကသူ့အာရုံနှင့်သူရှိ​နေတာ​သေချာပြီဆို​တော့မှ အင်္ကျီလက်ထဲဖွက်ယူလာခဲ့သည့်မုန့်ကိုပါးစပ်ထဲအသာခိုးသွင်းလိုက်သည်။

ဘယ်သူမှမရိပ်မိဘူး။ ဟုတ်ပြီ...

စာအုပ်နဲ့ကွယ်ပြီး ဖြည်းဖြည်းချင်းဝါး​နေလိုက်သည်။
ပြုံးစိစိဖြစ်​နေတဲ့နှုတ်ခမ်းက​တော့ရီချင်စိတ်တို့ကထိန်းမရ။ စာသင်ချိန်မှာ​ပေါက်ကရလုပ်တာဟာ တစ်ခါတစ်​လေမှာကြိမ်လုံးနဲ့ညားရ​ပေမယ့် အ​တော့်ကို​​ပျော်စရာ​ကောင်းသည်။

ဝါးလက်စမုန့်ကကုန်သွား​တော့ အင်္ကျီအိတ်ထဲလက်လှမ်းကာ​နောက်တစ်ခုယူဖို့ပြင်သည်။

"အဟမ်း အဟမ်း"

ထွက်လာတဲ့​ချောင်းဟန့်သံ​ကြောင့် ​ဂျောင်းဝန်းရဲ့လက်က​လေးတန့်သွားရသည်။ စာအုပ်ကိုဖယ်ကြည့်လိုက်​တော့ ဆရာကသူ့ဆီတွင်အာရုံရှိမ​နေ။
​နောက်တစ်​ခေါက်ပြုံးစိစိဖြစ်သွားရပြီး မုန့်ကိုပါးစပ်ထဲထိုးထည့်ဖို့ပြင်လိုက်သည်။

"စာသင်ချိန်မှာ မုန့်မစားရဘူး​နော်"

မုန့်ကို အင်္ကျီအိတ်ထဲပြန်ဝှက်လိုက်သည်။
​ဒီတစ်ခါစာအုပ်ကိုဖယ်ကြည့်​တော့ ဆရာ့ရဲ့မျက်ဝန်း​တွေက သူတို့နားတစ်ဝိုက်မှာ။

"​အေး​လေ ကင်မ်​ဆောနူးကလဲ
ဘာလို့မုန့်​တွေခိုးစား​နေတာလဲ"

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now