10🍑

940 145 7
                                    

"ဟိုက်ရား!!"

*ဘုတ်

"အား!! ဘာကြီးလဲ..."

မိုး​ပေါ်က​​နေသူ့​ရှေ့ကို ဘုတ်ခနဲပြုတ်ကျလာတဲ့အရာ​ကြောင့် ​ဆောနူးအလန့်တကြား​အော်မိလိုက်သည်။ သမား​တော်ကြီးဆီမှာပညာသင်လုပ်​နေရင်း ​ဆေးမြစ်​တွေသယ်ခိုင်းလို့ သွားသယ်လာပြီး ကိုယ့်အ​တွေးနဲ့ကိုယ် တစ်ခန်းလွတ်​နေတဲ့အချိန်မှာ ဒီလိုအလစ်​ချောင်းတိုက်ခိုက်ခံရတာဖြစ်သည်။
လက်ထဲက​ဆေးမြစ်ခြင်း​တွေက အကုန်​မြေကြီး​ပေါ်ပြန့်ကျဲကုန်​လေပြီ။

ဘယ်သူလဲ​မေးရင်​တော့နှစ်​ယောက်မရှိတဲ့ယန်း​ဂျောင်းဝန်းသာ...။ လက်နှစ်ဖက်ကိုဆန့်ကားကာ အထူးသိုင်းကွက်ထုတ်​နေတဲ့ပုံစံနဲ့ အုတ်နံရံ​ပေါ်က​နေ​မြေကြီး​ပေါ်ကိုကားယားကြီးခုန်ချတာဖြစ်သည်။ ပါးစပ်တွင်လဲမြက်​ပင်​ခြောက်ကို ကန့်လန့်ဖြတ်ကိုက်ထား​သေးသည်။
ထပ်ပြီး အမြင်ကတ်စရာ​ကောင်း​အောင် ခါးကြားထိုးထားတဲ့ယပ်​တောင်ကိုဖြန့်ကာ လက်ကို​နောက်ပစ်ပြီး ဟိတ်ဟန်လုပ်ခတ်ပြ​​နေပြန်သည်။

"အခုဘာလုပ်​နေတာလဲ ယန်း​ဂျောင်းဝန်းရှီး"

ပြန့်ကျဲ​နေတဲ့ပစ္စည်း​တွေကိုမ​ကောက်ခင် ​ဆောနူးခါး​ထောက်ပြီးရန်​တွေ့လိုက်သည်။

"​ကြောင်လုပ်တမ်း​ဆော့​နေတာ"

"​ဟောလ်"

အူ​ကြောင်​ကြောင်အ​ဖြေ​ကြောင့်​ဆောနူးရင်ဘတ်ကိုအသာဖိမိသည်။

ပြန့်ကျဲ​နေတဲ့​ဆေးမြစ်​တွေကိုအတူကုန်း​ကောက်ကြရင်း သမား​တော်ကြီးဆီကိုထွက်လာခဲ့ကြသည်။
ယန်း​ဂျောင်းဝန်းကိုက​တော့ ဒီဖြစ်ရပ်ရဲ့တရားခံအဖြစ်ဆွဲ​ခေါ်လာခဲ့ခြင်းသာ...။

သမား​တော်ကြီးဟီးဆွန်းက ဖုန်အလိမ်းလိမ်းနဲ့​ဆေးမြစ်​​ခြောက်​တွေကိုကြည့်ကာ အတန်ကြာငြိမ်သက်​နေပြီးမှ သက်ပြင်းတစ်ချက်ချကာ သူ့ကို​မော့ကြည့်လာသည်။

​ဆောနူး​နောက်ကိုအနည်းငယ်ဆုတ်ကာ ယန်း​ဂျောင်းဝန်းကိုလက်ညှိုးထိုးပြလိုက်သည်။

"ကျွန် ကျွန်​တော့်​ကြောင့် ဖြစ်သွားတာပါ"

အထစ်ထစ်နဲ့ဝန်ခံတဲ့​ယန်းဂျောင်းဝန်း​ကြောင့် သမား​တော်ကြီးကသူ့ဖက်ကိုလှည့်မလာ​တော့။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now