6🍑

1K 176 25
                                    

Zawgyi

"ဘာလို့ဒီလိုမိုက်မဲတဲ့လုပ်​ရပ်ကိုလုပ်ရတာလဲ
ဘယ်လောက်အန္တရာယ်များလဲသိရဲ့လား"

"စိုးရွံ့မိပါတယ် အိမ်​ရှေ့စံ"

လ​ရောင်ဆမ်းတဲ့​မြေသားလမ်း​ပေါ်မှာအိမ်​ရှေ့စံရဲ့​ခြေလှမ်းတို့ကခပ်ဖြည်းဖြည်း။

အပြစ်တင်စကားဆိုသံက​တောင်ဆည်းလည်း​သံလေး​လို၊အ​နောက်ဖက်သစ်​တောဆီကဖွတ်ရခက်တဲ့ပျားရည်​တွေလို ချိုမြိန်စွာထွက်​ပေါ်လာသည်။

အမွှာဆို​ပေမယ့်​ရှေ့က​နေ​ဒေါသတကြီးထွက်သွားတဲ့မင်းသားနဲ့မတူစွာ အိမ်​ရှေ့စံဟာနူးညံ့လှသည်။

"​ကောင်းကင်ကိုကြည့်လိုက်စမ်း ​ဆောနူး"

အ​တွေးနဲ့ပြုံးမိ​နေတုန်းအိမ်​ရှေ့စံရဲ့လက်တို့ကပုခုံး​ပေါ်​​ရောက်ရှိလာသည်။
အိမ်​ရှေ့စံကသူ့​နောက်မှာရပ်​နေရာက​နေ ဒူး​​ခေါင်းကိုအနည်းငယ်ကိုင်းညွှတ်လိုက်သည်။

"ကြယ်တာရာ​တွေအများကြီးပဲ"

အိမ်​ရှေ့စံ​စေခိုင်းတဲ့အတိုင်း​မော့ကြည့်လိုက်​တော့ရှင်းလင်း​နေတဲ့​ကောင်းကင်ပြင်ထက် ပြိုးပြိုးပျက်ပျက်ကြယ်တာရာ​တွေကအရင်​နေ့​တွေကထက်ပင်ပိုများ​နေတယ်ထင်ရသည်။

"အရမ်းလှတယ်​နော် မင်း​ရောဘယ်လိုမြင်လဲ"

နှုတ်ခမ်းမှထွက်လာတဲ့​လေသံ​လေးက​ဆောနူးရဲ့ဂုတ်နားဆီလာရိုက်ခတ်သည်။

​နေရခက်တာမို့ အနည်းငယ်ပွတ်သပ်မိ​တော့ အိမ်​ရှေ့စံကခပ်​နွေး​နွေး​လေ​ငွေ့တစ်ချို့ကိုတစ်မင်တကာမှုတ်ထုတ်သည်။

"တစ်ကယ်​တော့အဲ့တာ​တွေကဥက္ကာခဲ​တွေပါအိမ်​ရှေ့စံ
အ​ဝေးက​နေသာမက်​မော​လောက်​အောင်လှ​ပေမယ့် အနီးကပ်ဆိုရင်​တော့အရမ်းကြည့်ရဆိုးတယ်လို့ကြားဖူးပါတယ်"

"ဟ ဟား ဟုတ်ပါပြီ ဟားဟား"

အလှအပကိုမခံစားတတ်တာမဟုတ်​ပေမယ့် ​ဆောနူးကအမှန်တရားကို​ပြောမိတာပါ။
အိမ်​ရှေ့စံက​တော့အားရပါးရကို​အော်ရယ်​နေ​တော့တာပဲ။

နည်းနည်း​လေးရှက်သွားတယ်ဆို​ပေမယ့်အိမ်​ရှေ့စံကိုကြည့်ပြီးသူပါလိုက်ပြုံးမိပါတယ်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now