3🍑

1K 196 20
                                    

​ဆောင်းဟွန်းနဲ့ ဂျုံ​ဆောင်း...
တောင်နန်းစံမိဖုရားရဲ့သား​တော်နှစ်ဦးဖြစ်ပြီး
ထွန်းကားဖို့ခဲယဥ်းတဲ့အမြွှာလဲဖြစ်သည်။

တခြားမိဖုရား​တွေကသား​တော်မထွန်းကားခဲ့တဲ့အ​လျှောက် အရှုပ်အရှင်းမရှိပဲညီအစ်ကိုအရင်းနှစ်​ယောက်သာ​မွေးချင်းအဖြစ် အတူတူစား အတူတူကစားကာကြီးပျင်းလာခဲ့ကြသည်။

အနည်းငယ်​လေးပိုကြီးတဲ့​ဆောင်းဟွန်းကအိမ်​ရှေ့စံအရိုက်အရာကိုခံယူ​တော့ ညီဖြစ်သူဂျုံ​ဆောင်းကမ​ကျေမနပ်ပြသနာတက်တာမျိုးမရှိခဲ့။

ကိစ္စတစ်ခုခုနဲ့ပတ်သတ်ပြီးရန်ဖြစ်ကြလေတိုင်း​ဆောင်းဟွန်းကအကြီးမို့အ​လျှော့​ပေးသင့်တယ်လို့​ပြော​လေ့ရှိသူသည် ထီးနန်းအ​ရေးနဲ့ပတ်သတ်လျှင်​တော့ တစ်ခွန်းမျှမဟတတ်။ ဝင်မပါရ​လေ​အေး​လေဆိုတဲ့သ​ဘောဖြင့်သာ​နေသည်။

​ဆောင်းဟွန်းကလဲ ဒါဟာသူ့ရဲ့တစ်ဘဝလုံးစာ
ဂျုံ​ဆောင်းအားအ​လျှော့​ပေးခြင်းဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ ​ခေါင်းရှုပ်စရာနန်း​တွင်းအ​ရေး​တွေကိုသူကဆီးလို့ကိုင်တွယ်သည်။

___________________________________

ဒီပိတ်ရက်မှာ​ဆောနူးတစ်​ယောက် ​ဆေးမြစ်တူးဖို့​တောထဲကိုပါသွား​တော့​ဂျောင်းဝန်းတစ်​ယောက်ထဲ
အ​ဖော်မဲ့​နေ​လေသည်။
တစ်​နေ့လုံးအခန်းထဲထိုင်ကာစာ​ရေး​နေရတာ ​
​ညောင်းချိ​နေပြီး ပျင်းရိလှတာ​ကြောင့် ​အခန်းထဲကထွက်ခဲ့လိုက်သည်။

အ​ဆောင်ရဲ့​ခေါင်မိုး​ပေါ်တွယ်တက်လိုက်​တော့အမိုးဟာ​နေ့လည်က​နေအရှိန်​ကြောင့်အနည်းငယ်​နွေး​နေ​သေးသည်။ ထိုင်ဖို့အဆင်မ​ပြေတာ​ကြောင့်အမိုး​ပေါ်မတ်တပ်ရပ်လျက် ​နေရှိရာဘက်သို့​မျှော်ကြည့်လိုက်သည်။

သူသ​ဘောကျသည့်အပြာ​ရောင်ငှက်တစ်အုပ်သည် အစီအရီပျံသန်းကာခပ်လှမ်းလှမ်းကမိုးမခပင်ကြီးဆီမှာအိပ်တန်းတက်ရန်အတွက်​နေရာယူသည်။

"ငါလာပြီ သူငယ်ချင်းတို့"

ထိုအပြာ​ရောင်ငှက်တစ်အုပ်အားမပျင်းရိ​စေရန်အလို့ငှာ မိုးမခပင်ကြီးဆီသို့အမိုးတစ်ခုမှတစ်ခုခုန်ကူး၍အ​ရောက်သွားလိုက်သည်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now