Sacrifice🌸(Sunsun)

905 95 6
                                    

ယ​နေ့ နန်း​တော်ထဲတွင် အမဲလိုက်ပွဲရှိသည်။ ထို့အတွက် ​ပုံမှန်​နေ့ရက်​တွေထက်အလုပ်အနည်းငယ်ပိုရှုပ်​နေကြသည်။ ​

ကွင်းပြင်အလယ်မှာစိုက်ထူထားတဲ့​ရောင်စုံပိတ်စ​တွေက ​လေ​ကြောင့်တလူလူလွင့်​နေသည်။
အိမ်​ရှေ့စံက ထို​ရောင်စုံအလံ​တွေကို​ငေးကြည့်​နေသည်။ ပြီး​​တော့ မ​တော်တဆဒဏ်ရာရခဲ့ရင်အသုံးပြုမယ့်​ဆေးဝါး​တွေကို အဆင်သင့်ပြင်ဆင်​နေတဲ့ လှုပ်လီလှုပ်လဲ့​ကျောပြင်ငယ်ဆီအကြည့်ပို့ရင်း သူ့မူပိုင်အတိုင်း ခပ်​အေး​အေး​လေးပြုံး​သည်။ မြင်သူတိုင်းရဲ့ရင်ကို​အေးသွား​စေတဲ့အပြုံးမျိုး။

သို့​သော် ထိုအပြုံးတို့၏ပိုင်ရှင်ဖြစ်​​သော အိမ်​ရှေ့စံကိုယ်တိုင်ကမူ ရင်ထဲ​တွင်အပူမီး​တောက်​လောင်​နေရသည်။ ဘယ်သူမှမသိနိုင်သလို ဘယ်သူ့ကိုမှလဲ ဖွင့်ချပြလို့မရနိုင်တဲ့မြတ်နိုးခြင်း​တွေကို အချိန်ကာလအ​တော်ကြာ​အောင် ​အောင့်အီးသိမ်းဆည်းထားခြင်းက အိမ်​ရှေ့စံရဲ့စိတ်နှလုံးကို အ​တော်​လေးမသာမယာဖြစ်​စေသည်။

​နေ့တဓူဝ နန်း​တွင်း​ရေးရာကိစ္စ​တွေနဲ့ရှုပ်​နေရင်း ဆန်မုန့်​လေးကို ဤသို့ပင် အ​ဝေးက​ငေးမကြည့်ရသည်မှာ ကာလအတန်ကြာပြီ...။

ဆန်မုန့်​လေးရဲ့အပြုံး​တွေက အိမ်​ရှေ့စံရဲ့တစ်​နေ့တာအတွက် အင်အား​တွေဖြစ်တာ​ကြောင့် ဆန်မုန်​လေးကိုအရိပ်ပင်မမြင်နိုင်ခဲ့သည့် လွန်ခဲ့တဲ့ရက်​တွေမှာ အိမ်​ရှေ့စံကလန်းလန်းဆန်းဆန်းမရှိလှပါ။

မြင်းကုန်းနှီး​ပေါ်တက်သည်ထိတိုင် အိမ်​ရှေ့စံရဲ့​ခေါင်းထဲမှာ ဆန်မုန့်​လေးနဲ့အချိန်အတူကုန်ဆုံးနိုင်မယ့်နည်းလမ်း​တွေကို မှန်းဆလို့​တွေး​တော​နေခဲ့သည်။ ​

နောက်ဆုံးမှာ​တော့ အ​ကောင်းဆုံးနည်းလမ်းကိုရှာ​တွေသလိုမျိုး နှစ်နှစ်ခြိုက်ခြိုက်ပြုံး၏။

"ဟိုက်ရား"

မြင်းကိုအ​သော့နှင်ပြီး ​တောအုပ်ထဲဝင်သွားနှင့်​သောအိမ်​ရှေ့စံ​နောက်သို့ ​နောက်လိုက်များက မနည်းမှီ​အောင်လိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Oct 23, 2022 ⏰

Add this story to your Library to get notified about new parts!

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now