🍑

981 133 42
                                    

(ဒါကအချပ်ပိုသ​ဘောမျိုး​ပေါ့​နော်
Endingမ​ရောက်ခင်ကြိုupတဲ့extra partလို့သာသ​ဘောထားကြပါ)

ဂျုံ​ဆောင်းမြင်း​ပေါ်ကဆင်းကာ ခြံ​ရှေ့မှာရပ်လိုက်သည်။ စာနဲ့အဆက်အသွယ်လုပ်​နေရတာအားမရ​တော့လို့ ​ဆောင်းဟွန်းကိုအပူကပ်ကာ မရမကထွက်လာခဲ့ခြင်းဖြစ်သည်။
သူလာမယ်ဆိုတာကို ​မက်မွန်​လေးကိုအသိမ​ပေးထား။ မက်မွန်​လေးက အားလပ်ချိန်​တွေကို ဘာ​တွေလုပ်ရင်းဖြတ်သန်း​နေမလဲဆိုတာ သိချင်တာ​ကြောင့် မြင်းကိုဒုန်းဆိုင်းရင်းအ​ရောက်လာခဲ့ခြင်းဖြစ်သည်။

"အထဲကိုကြွပါမင်းသားငယ်"

အမတ်ကြီးကသူ့ကိုခရီးဦးကြိုသည်။
ငှဲ့​ပေးလာတဲ့လက်ဖက်ရည်ကိုယူ​​သောက်လိုက်ရင်း ခြံဝန်းထဲ ဟိုဟိုဒီဒီလိုက်ကြည့်​နေမိသည်။

"ကြိုတင်အ​ကြောင်းမကြားပါပဲ ဘာအ​ကြောင်းများရှိလို့ပါလဲမင်းသားငယ်"

"​ဂျောင်းဝန်းကို​တွေ့ဖို့လာခဲ့တာပါ"

​မေးလာလို့သာ​​ဖြေလိုက်ရ​​ပေမယ့် ပါးရည်နပ်ရည်ရှိတဲ့အမတ်ကြီးယန်းက မျက်စိ​တောင်း​မှောက်​အောင် ဂဏာမငြိမ်လိုက်ရှာ​နေတဲ့သူ့ကိုကြည့်ရင်း သ​ဘော​ပေါက်ပြီး​နေ​လောက်ပြီဖြစ်သည်။

"​ဂျောင်းဝန်း​လေးကဆိုးတယ်မလား
ငယ်​သေးတဲ့အရွယ်မို့ ​ပြောမှားဆိုမှားရှိရင်ခွင့်လွှတ်​ပေးပါ မင်းသားငယ်"

"မဟုတ်ရပါဘူး ​ဂျောင်းဝန်းနီးက ကိုယ်​တော့်ကိုခဏခဏရယ်​မောမိ​အောင်လုပ်တဲ့ က​လေးငယ်ပါပဲ
အများကြီးသံ​ယောဇဥ်တွယ်ရပါတယ်"

သူ့အ​ပြောကိုနား​ထောင်ရင်း အမတ်ကြီးက​ခေါင်းကိုငြိမ့်သည်။

"မိခင်ဆုံးပါးသွားပြီးကတည်းနဲ့ ဝမ်းနည်း​နေမှာစိုးလို့ ကျွန်​တော်ကအလိုလိုက်ထားခဲ့​တော့ ဆိုး​နေတာ​တော့အမှန်ပဲမင်းသားငယ်

ဒီအရွယ်​ရောက်မှ​တော့ ကျွန်​တော်လဲလိုက်ထိန်းလို့မနိုင်​တော့ပါဘူး"

"ဒါနဲ့ ​ဂျောင်းဝန်းနီးကိုမ​တွေ့ပါလား"

"​ဪ မနက်က​ လေးခွတစ်လက်ကိုင်ပြီးထွက်သွားလေရဲ့
အိမ်မှာဆိုရင် ဒီအ​ဖေကို​ကြောက်လို့ သိပ်မ​ဆော့ရှာဘူး...
ဒီအချိန်ဆို သူ့ဦးရီး​တော်ဆီသွားပြီး ဒုက္ခ​တွေ​ပေး​နေ​လောက်​ရော​ပေါ့"

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now