4🍑

1K 185 29
                                    

Unicode

​နွေ​ကြောင့် သစ်ရွက်​ခြောက်​တွေ​ကြွေကျ​နေ​တဲ့ သစ်ပင်အကြီးကြီးတစ်ပင်​အောက်​ရောက်သွား​တော့ ​ရှေ့ကသွား​နေတဲ့မင်းသားရဲ့​ခြေလှမ်း​တွ
ကရပ်သွားပြီး သူတို့ဆီလှည့်ကြည့်လာသည်။

ထို့​နောက် သစ်ပင်မှာ​ထောင်ထားတဲ့တံမြက်စည်းဆီ​မေး​ငေါ့ပြသည်။

"တစ်ရွက်မှမကျန်​အောင်လှည်း"

​မြေပြင်​ပေါ်ကျ​နေတဲ့အဆုပ်လိုက်​သောသစ်ရွက်​ခြောက်​တွေကိုကြည့်ပြီး ​ဂျောင်းဝန်းမျက်လုံးတို့ဝိုင်းစက်သွားသည်။

စာ​ရေးစာဖတ်ကလွဲပြီး ပင်ပန်းတာဆိုလို့လိုက်ကမြင်း​ကြောထတာပဲရှိခဲ့တဲ့အတွက် ဒါ​တွေကို​ပြောင်​အောင်လှည်းရရင်​သေရချည်ရဲ့။

"တံ-တံမြက်စည်းကတစ်​ချောင်းထဲ"

"ဟုတ်တယ် မင်းလှည်း
မင်းကသွား​တော့"

သူအ​မေးအဆုံးမင်းသားက ​ကင်မ်​ဆောနူးကိုခေါင်းတစ်ချက်ဆတ်ကာထွက်သွားခိုင်းသည်။

"ဗျာ"

​ဂျောင်းဝန်းရဲ့မျက်လုံး​တွေပိုပြူးသွားရပြီး
မင်းသားကို​မေးခွန်းထုတ်သလိုကြည့်လိုက်သည်။
သက်သာမလားလို့​စောဒကတက်မိပါတယ်
ခု​တော့အ​ဖော်ပါမဲ့​နေ​လေပြီ။

ပြစ်ဒဏ်မခံရ​တော့လို့ ကုတ်ကုတ်"နဲ့ထွက်သွားတဲ့​ဆောနူးရဲ့​ကျောပြင်ကိုမြင်​တော့ ​ဂျောင်းဝန်း​ပြေးကန်ချင်စိတ်​တွေကိုမနည်းထိန်းထားရသည်။

မင်းသားငယ်က​တော့ ခပ်လှမ်းလှမ်းက​မြေမို့မို့​လေးမှာထိုင်ပြီး သစ်သား​ချောင်းတစ်ခုကိုချွန်​နေ​လေသည်။

မင်းသားကသူ့ဆီအာရုံမရှိတာ​သေချာမှ နှုတ်ခမ်း​တို့ကိုဆူထုတ်လိုက်မိသည်။

ဒါ သက်သက်မတရားတာပဲ။ ဘာလို့ သူတစ်​ယောက်ပဲလှည်း​နေရတာလဲ။

တံမြက်စည်းမလှည်းတတ်ရတဲ့အထဲစိတ်ဆိုးမာန်ဆိုးနဲ့လှည်း​တော့ သစ်ရွက်​တွေက​ပြောင်မသွားပဲ​​ဝေ့ဝိုက်​နေ​သေးသည်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now