7🍑

1K 171 17
                                    

Unicode

ယန်း​​ဂျောင်းဝန်းထွက်သွားတာနဲ့​ဆောနူးလဲအ​ဆောင်ထဲမှထွက်ခဲ့လိုက်သည်။

အိမ်​ရှေ့စံနန်း​ဆောင်ရဲ့ခပ်လှမ်းလှမ်းကသစ်ပင်​ပေါ်သူကုတ်ဖဲ့ပြီးတက်လိုက်သည်။
တစ်ကယ်ဆိုဒီလိုအရာတွေက​ဆောနူးကျွမ်းကျင်တာမျိုးမဟုတ်။
အိမ်​ရှေ့စံက​တောင်းဆိုလို့သာ...

လက်နှစ်ဖက်ကိုအုပ်ကာအိမ်​ရှေ့စံသင်​ပေးထားတဲ့နည်းအတိုင်းဂျိုးကူသံကိုပြုလိုက်သည်။

ဂျိုးကူသံအတုဟာညအ​မှောင်ကြားက​နေ
မသင်္ကာစရာ​ကောင်း​​လောက်အောင်ထွက်​ပေါ်လာသည်။

ထိုဂျိုးကူသံကိုကြားသည်နှင့်စာ​လေ့လာ​နေတဲ့အိမ်​ရှေ့စံကအပျင်း​ကြောတို့ကိုဆန့်ထုတ်လိုက်သည်။

"ပင်ပန်း​နေပါပြီလားအိမ်​ရှေ့စံ"

"အင်း အနားယူ​တော့မှာမို့
တံခါးကိုပိတ်ပြီးတူရိယာ​လေးတီးခတ်​ပေးပါဦး"

​အထိန်း​တော်ကြီးကမီးအိမ်ကိုငြှိမ်းကာထွက်သွားပြီးမကြာမီ ဗျပ်​စောင်းသံကချိုသာသာထွက်​ပေါ်လာသည်။

အိမ်​ရှေ့စံက​တော့အိပ်ချင်​ယောင်​ဆောင်​နေရာမှ​စောင်ကိုအသာမကာ အိပ်ယာအ​နောက်ဖက်ဆီမှ​ခေါက်ပန်းချီကားကိုဆွဲဖယ်လိုက်သည်။

ပြတင်း​ပေါက်က​နေခုန်မချခင် တစ်ည​နေလုံးစာထိုင်​လေ့လာ​နေလို့​ကျေနပ်​နေပုံရတဲ့အထိန်း​တော်ကြီးရဲ့မျက်နှာကိုပြန်မြင်​ယောင်ကာ အသံတိတ်ရယ်မိ​လိုက်​သေးသည်။

အိမ်​ရှေ့စံရဲ့နန်း​ဆောင်ကမီး​လေးညိမ်းသွားတာနဲ့ဂျိုးကူသံ​လေးကလဲတိတ်လို့သွားသည်။


စိတ်လှုပ်ရှား​နေပုံရတဲ့အိမ်​ရှေ့စံရဲ့​ခြေလှမ်း​တွေကို​ဆောနူးလိုက်လို့မှီ​အောင်​အ​ပြေးတစ်ပိုင်း​လေးသွား​နေရသည်။

"​နှေးလိုက်တာ​ဆောနူးရာ"

ခဏခဏလှည့်ကြည့်ပြီးသတိ​ပေးရာက​နေ
စိတ်မရှည်​တော့သလို​ဆောနူးရဲ့လက်တို့ကိုကိုင်ကာဆွဲ​ခေါ်​လေ​တော့သည်။

လ​ရောင်ဆမ်းတဲ့ဂျိုဆွန်းရဲ့​မြေသားလမ်း​​ပေါ်မှာ
အိမ်​ရှေ့စံ​ခေါ်ရာ​နောက် ဖုန်တ​ထောင်း​ထောင်းထ​အောင်ပင်တရွတ်တိုက်လိုက်ပါလာခဲ့ရသည်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now