11🍑

1K 139 33
                                    

ဘယ်သူကဒီမျက်ဝန်း​လေး​တွေထဲကထွက်​ပြေးလို့ရခဲ့ဖူးလို့လဲ...
မင်းသားငယ်ကို​တော့ ခပ်တင်းတင်း​လေးချည်​နှောင်ရမှာ​ပေါ့...

မင်းသားငယ်​ကျော​ပေါ်က​နေ ပုခုံး​ပေါ်သို့​မေးတင်လိုက်သည်။ မြှားပစ်တဲ့​နေတုန်းက အသားယူခဲ့သမျှကိုလက်စားပြန်​ချေရန်ဆုံးဖြတ်ကာ နားရွက်​အောက်ကဂုတ်သား​လေးကို ​လေနဲ့မှုတ်ထုတ်လိုက်သည်။
မင်းသားငယ်ရဲ့နားရွက်​တွေက ချက်ချင်းရဲတက်သွားပြီး သူ့ကိုလှည့်ကြည့်လာသည်။

ဒီလိုဆိုပြန်​တော့လဲ မာယာ​တွေထုတ်သုံးမိသူက ​​ဂျောင်းဝန်းမဟုတ်သလိုမျိုး မျက်​တောင်တို့ကိုတဖျတ်ဖျတ်ခတ်ကာ အကြည့်လွှဲပစ်လိုက်ရသည်။
မင်းသားငယ်ရဲ့​ကျောပေါ်မှာရှိ​နေရတာ ဒါကဒုတိယအကြိမ်​မြောက်ဆို​ပေမယ့် ​နေသားကျမ​နေ။ ပထမအကြိမ်ကလိုအရက်မူးမ​နေ၍ဖြစ်နိုင်သည်။
အထူးသဖြင့် သူ့ရဲ့ရင်ခုန်သံ​တွေ...
အလိုက်ကမ်းဆိုးမသိတဲ့ သူ့ရဲ့ရင်ခုန်သံ​တွေက မင်းသားငယ်သတိထားမိသွား​လောက်​အောင်ကိုကျယ်​လောင်လွန်း​နေသည်။

​မင်းသားငယ်က ​ခြေလှမ်းတစ်လှမ်း,လှမ်းလိုက်​လေတိုင်း အ​ဆောင်ပြန်လမ်းတို့ပိုလို့ရှည်ကြာ​စေဖို့ ​ဂျောင်းဝန်းဆု​တောင်း​နေမိသည်။

ထိုအခိုက်...နှလုံးသားနှစ်ခုဟာ အနီးစပ်ဆုံး​နေရာမှာထပ်တူကျလို့​နေခဲ့သည်။

အိပ်​ဆောင်မ​ရောက်ခင်ကဥယျာဥ်က​လေးမှာ မင်းသားငယ်ကရပ်တန့်လိုက်သည်။
​ဂျောင်းဝန်းအရက်မူးခဲ့တဲ့​နေ့ကအတိုင်း တစ်​ထေရာထဲတူ​နေတာမို့လို့ ထို​နေ့ကအ​ကြောင်းအရာ​တွေက ​ခေါင်းထဲကိုပြန်လည်ဝင်​ရောက်လာပြန်သည်။

"မထိခိုက်ပါ​စေနဲ့လို့​ပြောထားတယ်မလား
ဘာလို့စကားနားမ​ထောင်ရတာလဲ"

​ဂျောင်းဝန်းကိုခုံတန်း​ပေါ်ထိုင်​စေရင်းမှ မင်းသားငယ်ကဆူသည်။ ​ဂျောင်းဝန်းရဲ့နှုတ်ခမ်းတို့က အနည်းငယ်ဆူထွက်သွားရသည်။

"ကျွန်​တော်လဲမတတ်နိုင်ဘူး​လေ
သူ့ဘာသူဖြစ်သွားတာကို အရှင့်သားကလဲ"

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now