12🍑

1K 132 18
                                    


​ဆေးမြစ်တူးရတဲ့​တောတွင်း​နေရာဟာ သိပ်မနက်​ပေမယ့် ​တောရိုင်း​ကောင်အ​သေး​လေး​တွေကို​တွေ့ရ​လောက်တဲ့အထိ​တော့ လူအသွားအလာနည်းသည့်​နေရာဖြစ်သည်။
လူ​တွေနဲ့အ​ဝေးဆုံး​နေရာမှာရှိတဲ့အရာ​တွေက ပိုလို့​ဆေးဖက်ဝင်သည်ဟုသမား​တော်ကြီးကဆိုသည်။ 

"​ဟေ့​ကောင် ဟိုဖက်ကိုတိုးဟ"

ပထမဆုံးအကြိမ်ဖြစ်တာ​​ကြောင့် ကင်​ဆောနူး​​နားမှာ တစ်ဖဝါးမှမခွာပဲရစ်ဝဲ​နေမိသည်။
ကင်​ဆောနူးကသူ့ကိုတစ်​တောင်နှင့်လှမ်းလှမ်းတွတ်ကာတွန်းဖယ်သည်။

"ဟိုနားမှာသွားရှာပါဟ 
အဲ့ဒီ​လောက်​လေးကဘာမှမဖြစ်ပါဘူး"

ကင်​ဆောနူးရဲစကားကိုစိတ်မချချင်ချချင်နဲ့ပဲ ခြင်း​လေးကိုကိုင်ကာခပ်လှမ်းလှမ်းသို့ထွက်ခဲ့လိုက်သည်။ ကင်​ဆောနူးကို​ရော သမား​တော်ကြီးကို​ရောလှမ်းမြင်နိုင်တဲ့​နေရာမှာ ​ဆောင့်​ကြောင့်ထိုင်ချလိုက်ကာ သင်ပြထားတဲ့နည်းအတိုင်း​ဆေးမြစ်တူး​နေလိုက်သည်။

​ခဏအကြာမှာ သူ့အ​ရှေ့က​နေယုန်​လေးတစ်​ကောင်ကဖြတ်လို့​ပြေးသွားသည်။ ​ဂျောင်းဝန်းရဲ့အကြည့်​တွေကလဲထိုယုန်​နောက်သို့လိုက်ပါသွားသည်။
ဖြူ​ဖွေး​ဖွေးယုန်က​လေးဟာ တစ်ဖန်ပြန်လှည့်ပြီးဂျောင်းဝန်း​ရှေ့မှာပတပ်ရပ်ကာ ​ဂျောင်းဝန်းကိုတည့်တည့်ကြည့်​နေသည်။

​တောထဲကအ​ကောင်​တွေကလူ​တွေကို​ကြောက်တတ်ကြတယ်ဆို​ပေမယ့် ​ဂျောင်းဝန်းက​တော့ယုန်က​လေးနှင့်တူ​နေ၍ဖြစ်နိုင်သည်။ 

​ဂျောင်းဝန်းအ​တွေးနဲ့ကြည်နူးကာ ​​ရှေ့သွားနှစ်​ချောင်းအား ထိုယုန်က​လေးကိုပြူပြလိုက်သည်။ 

ယုန်က​လေးက​တော့ သူ့လိုပဲမျက်လုံးဝိုင်းဝိုင်း​တွေနဲ့​ရှေ့သွားနှစ်​ချောင်းရှိတဲ့လူကို အထူးတစ်ဆန်းလို​ခေါင်း​စောင်းလျက်ကြည့်သည်။

ထို့​နောက်ပြန်ခုန်ထွက်သွားပြန်တဲ့ချစ်စရာယုန်က​လေးဟာ ​ဂျောင်းဝန်းရဲ့အာရုံ​တွေကိုဖမ်းစားသွား​တော့သည်။

"အိုးဟိုး မင်းကမင်း​နောက်လိုက်လာ​စေချင်တာလား"

သိပ်မ​ဝေးတဲ့အ​ကွေ့နား​လေးထဲချိုးဝင်သွားတာမို့ ​ဂျောင်းဝန်းအသာလိုက်သွားမိသည်။ ထိုအကွယ်ကချုံပုတ်က​လေးထဲတွင်​တော့ ယုန်​ပေါက်စ​လေး​ခြောက်​ကောင်​လောက်က​ဖွေး​ဖွေးလှုပ်​နေသည်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now