13🍑

1.4K 151 44
                                    

ထို​နေ့ကအဖြစ်အပျက်ပြီး​နောက်မှာ​တော့ ကင်​ဆောနူးတစ်​ယောက် ​ဂျောင်းဝန်းအား မျက်စိ​အောက်မှအ​ပျောက်မခံ​တော့​ချေ။ ​ဂျောင်းဝန်းက စိတ်ရှုပ်တယ်ဟု​အော်ကာ နှင်လွှတ်လျှင်ပင် ခပ်လှမ်းလှမ်းမှ​ချောင်းကြည့်​နေတတ်​သေးသည်။

"အရှင့်သား ​ဂျောင်းဝန်း​ချော်လဲလို့..."

"အရှင့်သား ​ဂျောင်းဝန်းနှာ​စေး​နေတယ်..."

"အရှင်သား ​ဂျောင်းဝန်း​ကြောင်ကုတ်ခံရလို့..."

စသဖြင့်..ယန်း​ဂျောင်းဝန်းရဲ့​ခြေလှမ်း​တွေကို ​စောင့်ကြည့်ပြီး မင်းသားငယ်ကိုသတင်းပို့ဖို့လဲ အမြဲမပျက်ကွက်။ ​

ဂျောင်းဝန်းမှာ​တော့ ကိစ္စတစ်ခုခုရှိ​လေတိုင်း မင်းသားငယ်က တ​စ္ဆေလိုမျိုး​ ဖုတ်ခနဲ​ရောက်​ရောက်လာတတ်၍ အ​တော်လန့်​နေ​လေသည်။

မင်းသားငယ်က ​​ဆောနူးရဲ့သတင်းစကား​တွေ​ကြောင့် ​ဂျောင်းဝန်းဆီလှစ်ခနဲ​ရောက်သွားတိုင်း အိမ်​ရှေ့စံက "​ဟေး ဆန်မုန့်" ဟု​ခေါ်ကာ သူ့ဆီ​ပြေးကပ်လာစမြဲ။

ဒါ​ကြောင့်လဲ ​အောင်သွယ်​တော်သတင်း​​ပေးအဖြစ် အလွန့်အလွန်တက်ကြွ​နေတာဖြစ်နိုင်သည်။

​ဆောနူး​ဘေးနားရှိ​နေလျှင် ရာဇအိ​န္ဒြေမထိန်းနိုင်​လောက်​အောင် တစ်ဟီးဟီးတစ်ဟားဟားနှင့် ပါးစပ်နားရွက်တက်ချိတ်​နေတတ်တဲ့ အိမ်​ရှေ့စံအ​ကြောင်းက မိဖုရားကြီးရဲ့နားထဲ​ရောက်သွားပြန်​တော့လဲ မိဖုရားကြီးမှာ ဝမ်းသာပီတိဂွမ်းဆီထိကာ ပြုံးစိစိ...။

ဒါ​ကြောင့်နှစ်​ယောက်အတူရှိ​နေချိန်ဆို မုန့်ချို​တွေပြင်ကာပို့ခိုင်းတတ်ပြီး အထိန်း​တော်တစ်သိုက်ကိုလဲ ခပ်လှမ်းလှမ်းမှာသာ​နေရန် ကြိတ်မှာတတ်သည်။

ထိုအ​ခြေအ​နေကိုသိပ်မ​ကျေနပ်ချင်သူက ​ဂျောင်းဝန်းသာ...။

"ရား..ကင်​ဆောနူး
ငါ​ခေါင်မိုး​ပေါ်တက်​ဆော့တာကို မင်းသားငယ်ဆီပြန်ချွန်လိုက်တာ မင်းမလား"

မင်းသားငယ်ကအ​ပြေး​လေး​ရောက်လာတာကို သ​ဘောမကျလို့မဟုတ်​ပေမယ့် ကမြင်း​ကြောထတဲ့အကျင့်က ပြင်လို့မှမရ​သေးတဲ့ဟာကို...။ သူ​ခေါင်မိုး​ပေါ်​တက်ပြီး ​ကြောင်​တွေနဲ့​ဆော့တာလဲ မင်းသားငယ်ဆီပြန်​ရောက်သည်။ သစ်ပင်​ပေါ်တတ်ပြီး ပုတ်သင်ညိုနဲ့အတင်းသွားတုတ်လဲ.. မင်သားငယ်ဆီပြန်​ရောက်သည်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now