9🍑

1K 155 19
                                    

"မင်းမှန်​ရှေ့မှာ​ရောက်​နေတာ ဘယ်​လောက်ကြာပြီလဲသိလား
ဒီ​နေ့ပြီးဦးမှာလား"

မ​ကျေနပ်သလို​ပြောလာတဲ့​ဆောနူးကို မှန်ထဲကပဲလှမ်းကြည့်လိုက်သည်။ ဟုတ်​တော့လဲဟုတ်သား...။
ကင်​ဆောနူးကပါ တပြန်ကြီးပြန်​ပြော​ရ​လောက်တဲ့အထိကို သူပြင်ဆင်မိ​နေသည်ပဲ။

"ပြီးပြီ အခုပြီးပြီ"

"​ငါမပါပဲ ​ဆောင်ကြာမြိုင်​တွေဘာ​တွေ ခိုးမသွားနဲ့ဦး​နော်"

အခန်းထဲကထွက်ခါနီးသတိ​ပေးသလို​ပြောလာတဲ့ကင်​ဆောနူးကို လစ်လျူရှုလိုက်​တော့သည်။

•••

​လေ့ကျင့်​ရေးကွင်းထဲ မင်းသားငယ်နဲ့​ကြောင်တစ်​ကောင်ကလွဲရင် မည်သူမျှရှိမ​နေ။ မင်းသားငယ်က မြက်ပင်​ခြောက်တစ်ပင်နဲ့​ ကြောင်က​လေးကို မြှူကာ​ဆော့လို့​နေသည်။
အမြဲတမ်းလိုလို ​ရေ​သေလိုမျက်နှာထားနဲ့ စူးရဲ​နေတဲ့မျက်လုံး​တွေကိုပဲ မြင်ဖူးတဲ့​ဂျောင်းဝန်းအတွက်​တော့ ချစ်စရာအသံ​ပေါင်းစုံလုပ်ပြီး
​​ကြောင်နဲ့ဆော့​နေတဲ့မြင်ကွင်းဟာ အ​တော်​လေးဆန်းသစ်သည်။ ​ဂျောင်းဝန်းခဏ​လောက်ထို​ကြောင်က​လေးဖြစ်ချင်သွားရသည်။ မင်းသားငယ်ရဲ့ရင်ခွင်​လေးထဲ ဝင်တိုးလို့ချွဲမယ်အကြံအစည်နဲ့...။

"စကြ​တော့မလား"

အ​ပေါက်ဝမှာရပ်​နေတဲ့သူ့ကိုမြင်​တော့ မင်းသားငယ်က ​လက်ထဲကမြက်​ခြောက်ပင်ကိုပစ်ချထားခဲ့ပြီးသူ့ဆီ​ရောက်လာသည်။

မင်းသားငယ်က ​လေးနဲ့မြှားကိုယူကာ တစ်ချက်အရင်ပစ်ပြသည်။ ​ခေါင်မိုး​ပေါ်က​နေ ခိုးကြည့်ပြီးရင်ခုန်ခဲ့ရတဲ့မြင်ကွင်းဟာ အခု သူ့​ရှေ့နားတင်ရှိ​နေ​လေပြီ။
မင်းသားငယ်ရဲ့ကျွမ်းကျင်မှုနဲ့ မြှားဟာ ပစ်မှတ်ရဲ့အလယ်တည့်တည့်ကိုစိုက်သည်။
​ဂျောင်းဝန်းခုန်ဆွခုန်ဆွလုပ်ကာ လက်ခုပ်တီးရင်းချီးကျူးမိသည်။

"ဝါး မိုက်တယ်မိုက်တယ်"

သူ့စကား​ကြောင့်မင်းသားငယ်ရဲ့နှုတ်ခမ်းစွန်းတို့အနည်းငယ်မြင့်တက်သွားသည်။

အင်း ဒါလဲမိုက်တာပဲ...

​မင်းသားငယ်က​ဂျောင်းဝန်းရဲ့​နောက်​ကျောဖက်မှ​နေကာ ​​လေးနဲ့မြှားကိုင်ထားတဲ့​ဂျောင်းဝန်းရဲ့လက်ကိုထိန်းကိုင်ပြီး အသင့်အ​နေအထားပြင်​ပေးသည်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now