2🍑

1.1K 207 31
                                    

Unicode

*ဘုန်း

"အ"

​ပွေ့ချီခံထားရတဲ့ခန္ဓာကိုယ်ဟာမညှင်မသာလွှတ်ချခြင်းကိုခံလိုက်ရသည်။ အီစိမ့်သွားတဲ့​ကျောကုန်းကိုဂရုမစိုက်နိုင်စွာအမြန်ဒူးတုပ်ထိုင်လိုက်ရသည်။
ကင်မ်​ဆောနူးက​တော့ မတ်တပ်ရပ်လျက်ခါးကိုင်းကာ​ခေါင်းကိုညွတ်ထားသည်။

"မှားသွားပါတယ် အရှင့်သား
တစ်ခါ​လောက်ပဲခွင့်လွှတ်​ပေးပါ"

စကားအဆုံးမှာမင်းသားရဲ့ဓါးအိမ်က​ဂျောင်းဝန်းရဲ့​မေးရိုးကိုပင့်တင်ကာ​မော့ကြည့်​စေသည်။

"အမည်"

"ယန်း​ဂျောင်းဝန်းပါအရှင့်သား"

"ယန်း​ဂျောင်းဝန်း?
ဧကန္တ ပညာရှိအမတ်ကြီးယန်းရဲ့သားများလား"

"ဟုတ်ပါတယ်အရှင့်သား"

သာမာန်လူသာဆိုရင် ဒီလိုမဆင်ခြင်ပုံနဲ့အနည်းဆုံးကြိမ်ဒဏ်​တော့သင့်မည်ဖြစ်​သော်လဲ
ပညာဥာဏ်နဲ့ပြည့်စုံလို့မင်းကြီးကိုယ်တိုင်​လေးစားခင်တွယ်ရတဲ့အမတ်ကြီးရဲ့သားဖြစ်တာ​ကြောင့်ပစ်ဒဏ်​ပေးဖို့မဖြစ်နိုင်​ပေ။

ဂျုံ​ဆောင်းဒူးတစ်ဖက်​ထောက်ထိုင်ချလိုက်ကာထို​ကောင်​လေးနှင့်မျက်နှာချင်းဆိုင်လိုက်သည်။

ငုံ့ကျသွားပြန်တဲ့မျက်နှာ​လေးကို​မေးဖျားက​နေပင့်ကာ​မော့​စေ​တော့ချစ်စရာမျက်နှာ​လေးနှင့်မလိုက်ဖက်စွာ အ​ကြောက်အလန့်မရှိတဲ့မျက်ဝန်းဝိုင်း​တွေနှင့်ကြည့်လာသည်။

"​နောက်တစ်ခါထိပ်တိုက်မ​တွေ့​စေနဲ့"

ထိုက​လေးကသာအပစ်လုပ်ထားပြီးမ​ကြောက်မလန့်မရှိသူ့ကိုမျက်လုံးချင်းဆိုင်ကြည့်လာ​ပေမယ့် သူ့​ဘေးကတစ်​ယောက်က​တော့တုန်ရီလို့​နေတာ​ကြောင့် ဂျုံ​ဆောင်းသတိ​ပေးစကားတစ်ခွန်းသာ​ပြောပြီးထို​နေရာမှထွက်လာခဲ့လိုက်သည်။

တစ်​လျှောက်လုံးကိုယ်နဲ့မဆိုင်သလိုနှုတ်ဆိတ်​နေခဲ့တဲ့​ဆောင်းဟွန်းလဲဂျုံ​ဆောင်း​နောက်ကိုလိုက်ရန်​ခြေလှမ်းပြင်လိုက်​ပေမယ့် နှာ​ခေါင်းထဲဝင်လာတဲ့ချိုအီအီအနံ့သင်းသင်း​ကြောင့်တုန့်ဆိုင်းသွားရသည်။

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now