Part 01

10.9K 403 21
                                    

(unicode)
ခမ်းနောင် စီးလာသောကားလေးသည် အလွန်ကြီးကျယ်ခမ်းနားလှသည့် စံအိမ်ကြီး၏ အပေါက်ဝတွင် ရပ်သွားသည်။ ဤစံအိမ်ကြီးသည် ယနေ့ကစပြီး မရေမတွက်နိုင်သည့် နေ့ရက်တွေအထိ သူနေရမည့် နေရာတစ်ခုပင်ဖြစ်သည်။ ကားပေါ်မှဆင်းပြီး စံအိမ်ကြီးကို လှည့်ပတ်ကြည့်ရင်း မထင်မှတ်ဘဲ သက်ပြင်းဖွဖွချမိလိုက်သည်။ သူ၏ မများပြားလှသော ပစ္စည်းတို့သည် သူ့ထက်အရင် ဤစံအိမ်ကြီးတွင် ရောက်နှင့်နေပြီးပြီ။ ယခုမူ သူ့လက်ထဲတွင် ဘာဆိုဘာမှရှိမနေပါ။

လက်ထဲတွင် သယ်စရာအထုပ်အပိုး မရှိသော်လည်း သူ့ပုခုံးထက်တွင် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုက နေရာယူနေသည်ဖြစ်ရာ စိတ်များလေးလံနေတော့သည်။ သို့ရာတွင် မျက်စိရှေ့ရှိ အလှတရားကြောင့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိလိုက်သည်။ စိမ်းစိုနေသော သစ်ပင်ကြီးနှင့် တယုတယ ထိန်းသိမ်းထားသော ပန်းပင်တို့သည် သူ့ရင်ထဲမှ အချို့သော အပူအပင်များကို ငြိမ်အေးစေဟန်ရှိသည်။

တစ်ခုပဲ။ ဤစံအိမ်ကြီးဟာ သူ့အတွက် ကြီးလွန်းနေတာ တစ်ခုပဲ။

စံအိမ်ကြီး ဖြစ်သည့်အတွက် ထောင်ပေါင်းများစွာသော အလုပ်သမားတို့သည် နေ့စဉ်နေ့တိုင်း ရှိမနေပါ။ သတ်မှတ်ထားသော အချိန်ရောက်မှ လာရသည်တဲ့။ ခမ်း သိရသလောက် ယနေ့ဤအိမ်ကြီးတွင် ရှိမည့်လူက သူရယ်၊ အိမ်တော်ထိန်းကြီးရယ်၊ ပြီးနောက် ဤစံအိမ်ကြီး၏ အရှင်သခင်ရယ်ပဲ ဖြစ်သည်။

အခြားသူများတွက် နာမ်စားသည် 'သခင်လေး' ဖြစ်သော်ငြား သူ့အတွက်မူ 'ကိုကို' ဖြစ်၏။ အကြောင်းပြချက်ကို သူမသိ။ အန်တီယွန်းက သူ့ကို အဲ့ဒီလိုသာ မှာခဲ့သည်။ သူ စဉ်းစားနေရင်းမှာပင် တစ်စုံတစ်ခုက သူ့ခေါင်းထဲ ဖြတ်ပြေးလာသည်။ ပြီးနောက် ချက်ချင်းပင် သာမန်ထက်ပို၍ နှေးလွန်းနေသော သူ့ခြေလှမ်းများကို အရှိန်တင်လိုက်ကာ တံခါးမကြီးထံ ဦးတည်ခဲ့ရသည်။

ကိုကိုက နောက်ကျရင် မကြိုက်ဘူးတဲ့။

သူ အိမ်တံခါးကို တွန်းဖွင့်လိုက်သည့်အခါ ရှေးခေတ်ပြေးသော အိမ်ထောင်ပရိဘောဂများက သူ့ကို လှိုက်လှဲစွာ ကြိုဆိုနေသည်။ ကြည့်ရတာ စနစ်တကျ စည်းနှင့်ကမ်းနှင့် ထိန်းသိမ်းထားသည့်ပုံပင်။ သို့သော် လက်ရှိအခြေအနေတွင် ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ ရှေ့တည်တည့်ရှိ တိုင်ကပ်နာရီကြီးကိုသာ တစ်ချက် ကြည့်မိသည်။

Submissive 2.0 (completed)Where stories live. Discover now