Part 10

3.9K 262 9
                                    

(unicode)
ကလေးငယ်သည် တစ်သက်နှင့်တစ်ကိုယ် တက်တူးထိုးဖြစ်မည်ဟု တစ်ကြိမ်လေးမှ မထင်မိခဲ့။ လမ်းပေါ်တွင် တက်တူးအပြည့်နှင့် လျှောက်သွားနေသော လူကြီးများ၊ မိန်းမကြီးများ တွေ့လျှင်ပင် နှာခေါင်းရှုံ့တတ်ခြင်းဖြစ်သည်။ အခုတော့ သူကိုယ်တိုင် တက်တူးထိုးရမည်တဲ့။ မူလအစက ငြင်းဆန်ဖို့ လုပ်သေးသည်။ သို့ရာတွင် တက်တူးမထိုးရင် ပေးမကဘူး ဆိုသော ဘုန်းသွင်ကြောင့် မအီမသာနှင့် ခေါင်းညိတ်လိုက်ရ၏။ ထိုးဆိုလည်း ထိုးတာပေါ့။ ကျားရုပ်တွေ၊ နဂါးရုပ်တွေမှ မဟုတ်ဘဲ။ သူ့ကို လမ်းပေါ်ကနေ ခေါ်လာပေးတဲ့ သူ့ကိုကိုနာမည်ပဲ ဥစ္စာ။

တက်တူးထိုးရာတွင် အသုံးပြုသည့် အပ်ပေါင်းစုံကို အရှေ့ယူလာတော့ လန့်ဖြန့်သွားသော အဖြူစုပ်စုပ် မျက်နှာလေးကို ဘုန်းသွင် မှတ်မိသေးသည်။ တက်တူးဆိုင်ကို ခေါ်မသွားဘဲ သူကိုယ်တိုင် ထိုးပေးမည်ဆိုတော့ ကလေးငယ်မှာ မျက်လုံးလေးတွေ ပြူးကျယ်သွားလိုက်တာများ။ ဝိုင်းစက်စက် မျက်အိမ်လေးတွေကို ဘုန်းသွင် မမေ့နိုင်တော့ပြီ။

'ဘုန်းသွင်' ဟူသော နာမည်နှစ်လုံးကို ညှပ်ရိုးနားတွင် တက်တူးထိုးဖို့ရာ ဘုန်းသွင်အတွက် တစ်နာရီကျော်သာ ကြာသော်လည်း ခံရသော ကလေးငယ်မှာတော့ တစ်နှစ်ကျော်လောက်ကြာသည်ဟု ခံစားလိုက်ရသည်။ တက်တူးထိုးနေစဉ် ကလေးငယ်က အာခေါင်ခြစ်အောင် မအော်ချင်၍ ပါးစပ်ထဲတွင် အဝတ်စတစ်စ ကိုက်ထားမည် လုပ်ပါသေးသည်။

သို့သော် ဘုန်းသွင်က ခွင့်မပြု။ ထိုအဝတ်ဖြူစကိုပင် အခန်းထောင့်သို့ လွှင့်ပစ်လိုက်သေး၏။ နာရင် သူ့နာမည်ကို ညည်းတဲ့လေ။ အဲဒီနေ့သည် ကလေးငယ်၏ အော်ဟစ်သံများနှင့် ပြည့်နှက်သွားသည့်နေ့ပင်။ အသံဆူလျှင် မကြိုက်တတ်သော ဘုန်းသွင်မှာ ထူးထူးခြားခြား ပီတိတွေ ဖြာနေ၏။ ကလေးငယ်ပါးစပ်ဖျားမှ သူ့နာမည်ကို အော်ဟစ်နေသည်လေ။

အားလုံးပြီးသွားတော့ ကလေးငယ်မှာ လှုပ်ဖို့နေနေ အသံတွေပြာကာ စကားပင် ကောင်းကောင်း မပြောနိုင်တော့။ ဘုန်းသွင် ထားခဲ့သည့်အတိုင်း ပက်လက်ကလေး။ မျက်နှာတစ်ဝိုက်တွင်လည်း ချွေးစက်များသည် ဗလပွ။ မျက်ဝန်းတို့တွင်လည်း ပုလဲရည်ဥများနှင့်။ ညှပ်ရိုးပေါ်ရှိ 'ဘုန်းသွင်' ဆိုသည့် တက်တူးလေးကို ကလေးငယ်၏ သွေးနီနီတို့က ဝန်းရံခစားနေလေရဲ့။

Submissive 2.0 (completed)Where stories live. Discover now