Part 21

3.5K 205 11
                                    

(unicode)
ဘုန်းသွင်သည် သူ့အခန်းကြီးထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်မှာ အပတ်ရေမည်မျှ ရှိနေပြီလည်းမသိ။ သတိမရသေးသည့် သူ့ကလေးလေးကို မွေ့ယာပေါ်တွင် အသေအချာလေး တင်ပေးထားပြီသည့်အချိန်မှစ၍ ငြိမ်ငြိမ်နေခြင်း မရှိတော့သည်မှာ အမှန်။

ဆရာဝန်ရော။ ဟင့်အင်း။ ကလေးငယ်အတွက် ဆရာဝန်က ဘုန်းသွင် ကိုယ်တိုင်ပင်။ သူကိုယ်တိုင်အနာပေးပြီး သူကိုယ်တိုင်ဆေးကျွေးလိုက်ရမှ ကျေနပ်ရှာသည့် ဘုန်းသွင်ရယ်ပါ။ တကယ်ဆို ဆရာဝန်လာလျှင်လည်း ဘာမှထူးမည်မဟုတ်။ ကလေးကို ညှာတာဖို့၊ အရမ်းမကြမ်းဖို့ စသည်ဖြင့် မရိုးနိုင်လွန်းသည့် ဘာဘာညာညာကို အမှာတမ်းခြွေကာ နောက်ဆုံးပေးမည့်ဆေးက အကိုက်ခဲပျောက်ဆေးပင်။

ကလေးကို ဂရုစိုက်ရမည့်အကြောင်း ဆရာဝန်ထက် ဘုန်းသွင် ပိုသိသည်။ ဆရာဝန်လာလျှင် နားညီးမည့်အပြင် သူ့ကလေးလေး၏ ခန္ဓာကိုယ်ကို ပြရမည်။ ပြီးလျှင် ဟိုစမ်းဒီစမ်းလုပ်ဦးမည်။ တွေးနေရင်းနှင့်ပင် သွေးများဆောင့်တက်လာရသည်။ မလိုဘူး...။ မလိုဘူး...။ ဘာဆရာဝန်မှ မလိုဘူး။

"ကိုကို"

ကုတင်ဘက်ဆီမှ ညည်းသံသဲ့သဲ့ ထွက်လာသည်ကြောင့် ဘုန်းသွင်သည် မပြေးရုံတမယ် ခပ်သုတ်သုတ်လေး လျှောက်လာမိသည်။ အနားသို့အရောက် သူ့ကလေးလေးကို ကြည့်မိလေတော့ ကလေးငယ်က မျက်လုံးပင် မပွင့်သေး။ ကြည့်ရတာ အိပ်မက်မက်ပြီး ယောင်နေသည်ဖြစ်မည်။ သူ့ကလေးလေး၏ အိပ်မက်ထဲတွင် သူပါဝင်နေသည်ကြောင့် အလိုအလျောက် ပြုံးမိလျက်သား။ သို့သော် ထိုအပြုံးက ကြာရှည်မခံပေ။ တိုးလွန်းပေမယ့် သဲကွဲလှသည့် ညည်းသံလေးကြောင့် ကလေးငယ်၏ လက်ကလေးကို ကိုင်ထားမိ၏။

"အဲဒီလို မလုပ်ပါနဲ့"

ကြည့်ရတာ အိပ်မက်ထဲမှာပင် ဘုန်းသွင်သည် ကလေးငယ်ကို အလွတ်ပေးသည့်ပုံမပေါ်။ ကလေးငယ်ဟာ အိပ်နေရင်းနှင့်ပင် ရုန်းကန်နေဟန်ရှိကာ ချွေးပေါက်လေးများ သီတန်းလို့။

"ခမ်း ကလေးလေး"

ဘုန်းသွင်သည် အိပ်မက်ဆိုးတွေ မက်နေရှာသည့် သူ့ကလေးလေးကို လှုပ်နှိုးရန် ကြိုးစားမိသည်။ သူ့ကလေးလေးကို ကယ်တင်၍ ရလိုရငြား။ သို့သော် ကလေးငယ်သည် မျက်စိဖွင့်လာခြင်း မရှိသည့်အပြင် ဘယ်ဘက်မျက်ဝန်းမှ မျက်ရည်စီးကြောင်းသည် လက်ခနဲပင်။

Submissive 2.0 (completed)Where stories live. Discover now