Part 32*

3.2K 150 3
                                    

(unicode)
သခင်မောင်းသည့် ကားဖြူလေးသည် နက်မှောင်နေသည့် ကတ္တရာလမ်းမကြီးပေါ်တွင် ရွေ့လျားနေသည်။ မနှေးလွန်းသည့် အရှိန်ဖြင့် မောင်းနှင်လာသည့် ထိုလေးဘီးယာဉ်က တည်ငြိမ်လွန်းသော်လည်း အထဲရှိလူသားနှစ်ဦးမှာ အေးချမ်းနေပုံမရ။

နှစ်ဦးအနက်မှ တစ်ဦးသည် နှုတ်ခမ်းတို့ကို ခပ်တင်းတင်းစေ့လျက် အရှေ့ကို စူးစူးစိုက်စိုက် ကြည့်ရှုနေတာများ ရှေ့မှန်ကြီးပင် ပေါက်ထွက်လုမတတ်။ ကျန်တစ်ယောက်မှာတော့ တုန်ယင်နေသည့် လက်အစုံတို့ကို ခပ်တင်းတင်းစုကာ ဦးခေါင်းထက်တင်ထားပြီး ချွေးပေါက်လေးတွေ သီတန်းလျက်။ မနှစ်သက်သည့် တစ်စုံတစ်ရာကို တင်းခံနေရသည့် ပုံစံမျိုးပင်။ သွားဖြူပေါက်လေးများဖြင့် အောက်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားပုံမှာလည်း အနီရောင် သွေးပေါက်လေးများပင် လျှံထွက်ကုန်တော့မည် ထင်ပါရဲ့။

"ကျစ်"

"ဟင့်"

ကားဖြူလေး တုန့်ခနဲ ထိုးရပ်သွားသည်နှင့် တစ်ပြိုင်နက် ထွက်ပေါ်လာသည့် အသံနှစ်သံသည် ရှေ့ဆင့်နောက်ဆင့်။ တူညီသည့် အသံမျိုးမဟုတ်သော်လည်း စိတ်မရှည်ခြင်းတို့ ပြည့်နှက်နေသည်က အထင်အရှားပင်။ ဤအခေါက်နှင့်ဆို လမ်းတစ်လျှောက်လုံး မီးနီမိလာသည်မှာ ရှစ်ကြိမ်မြောက်ပင် ရှိတော့မည်။ သခင်သည် တစ်သက်နှင့်တစ်ကိုယ် ဤမျှလောက် ကံဆိုးလိမ့်မည်ဟု မထင်မှတ်မိ။ ဆိုးပြန်တော့လည်း ယခုကဲ့သို့ အလျင်လိုနေသည့် အချိန်ခါမှ ဖြစ်ရလေခြင်း။ စောက်ကျိုးနည်းတဲ့။ တကယ့်ကို စောက်ကျိုးနည်းပါပဲ။

မာထန်ရသည်ကို နေသားကျနှင့်ပြီးသည့် ဝံပုလွေက အကြောင်းမဟုတ်သော်လည်း သူ့ကလေး၏ ချစ်စဖွယ်လေးက ပြဿနာပင်။ သေချာပါသည်။ ကလေးငယ်လေး အတော့်ကို နာကျင်နေတော့မည်။ ဒါဆို ဟိုးအစတည်းက သူကိုယ်တိုင် ချော့မြူးပေးလိုက်ပါတော့လား။ ဟင့်အင်း။ သူ့ကလေးလေး တောင်းဆိုတိုင်း သူလိုက်လျောပေးလို့ မရဘူး။ အလိုလိုက်ခြင်း ခံရတဲ့ ကလေးတွေက ပျက်စီးကုန်ကြတယ်တဲ့။

သခင်သည် သက်ပြင်းဖွဖွချကာ ပုံပျက်ပန်းပျက်ဖြစ်နေသည့် ကလေးငယ်ကို စောင်းငဲ့ကြည့်မိသည်။ တစ်ဆက်တည်းမှာပင် ဝံပုလွေသည် ဆတ်ခနဲ မာန်ဖီလာပြန်တော့ သူ့အဖြစ်သူ တွေးမိကာ တစ်ချက်ရယ်မိလိုက်သေးသည်။ ကလေးငယ်နဲ့ ပတ်သက်ရင် အဲဒီလောက်ထိ အခြေအနေဆိုးနေမှန်း သူ့ကိုယ်သူ မသိခဲ့ပေ။

Submissive 2.0 (completed)Where stories live. Discover now