Part 17

2.8K 201 2
                                    

(unicode)
တစ်နှစ်။ ၃၆၅ရက်။ တစ်နေ့တစ်ခြား ပိုပိုကြည့်ကောင်းလာသည့် ကလေးငယ်ကို သခင်သည် စိတ်မချရလွန်း၍ ရှည်မည်ဟုမထင်ရသည့် အသက်က တိုလာတော့မည်ထင်။ သူ့ကိုမကျော်သေးသော်လည်း သူ့လောက်နီးနီး ဖြစ်စပြုလာသည့် အရပ်အမောင်းကို အများမတူ ခန့်ညားလွန်းသည့် လည်စလုတ်လေးက အလှဆင်ပြန်တော့ ဖြစ်နိုင်လျှင် ကလေးငယ်ကို ဗီရိုထဲထည့်သကာ သည့့်ခတ်ထားချင်တော့သည်။

သခင်မကြိုက်မှန်းသိ၍ ကလေးငယ်သည် လူအများနှင့် အရောတဝင်နေထိုင်ခြင်းမရှိ။ သူငယ်ချင်းများနှင့်ပင် အကြောင်းမဲ့ ထိခြင်းကိုင်ခြင်း အလျဉ်းမရှိ။ နောက်ဆုံး ခွေးလေး၊ ကြောင်လေးများကိုပင် မချစ်ရဲပေ။ သူ့ကိုကိုဒေါသကို သူအသိဆုံးမဟုတ်လား။ သို့သော် ဖော်ရွေတတ်သည့် ထိုဗီဇက မပျောက်ရှာ။ ခံစားချက်ရှိသည့် သက်ရှိကို ဖော်ရွေခွင့်မရတော့ ခံစားချက်မဲ့သည့် ပန်းပင်လေးတွေနှင့် တီတီတာတာ ဆက်ဆံရှာသည်။

အလုပ်အားတိုင်း ခြံထဲဆင်းပြီး ပန်းပင်များကို ဂရုစိုက်တတ်သည့် ကလေးငယ်သည် သခင်ရှေ့တွင် ပန်းပွင့်နီနီကို နမ်းမိသည့်အမှုဖြင့် သခင်ကျေနပ်သည်အထိ ခြေသလုံးနုနုကို ကြိမ်လုံးဖြင့် မညှာမတာ အရိုက်ခံရသေးသည်။ သခင်ကျေနပ်သည်အထိ ဆိုသည်ထက် ခြေသလုံးဖွေးဖွေးလေးတွင် သွေးများစို့လာသည်အထိ အရိုက်ခံရသည်ဆို ပိုမှန်မည်။ ကလေးငယ်မှာ အရိုက်ခံနေစဉ် အသံမထွက်ရဲ။ ရပ်ပေးရန်လည်း မတောင်းဆို။ ထိုအခါ အရှိုးရာဗလပွနှင့် သွေးစလေးများကို မြင်မှသာ သခင်က ရပ်ပေးလေ့ရှိသည်။

ဤတွင် ပန်းတို့၏ အချစ်တော်လေး ကလေးငယ်က မမှတ်ရှာ။ သခင်လစ်လျှင် လစ်သလို ခြံထဲဆင်းကာ မြက်နုတ်တတ်သေးသည်။ သူ့ပန်းခင်းကြီးကို နေ့တိုင်း ဂရုစိုက်ပေးမည့်လူ မရှိသေးလို့တဲ့။ နောက်ပိုင်းတွင် သခင်က 'ပန်းပင်တွေကို အမြစ်က နုတ်ပစ်လိုက်ရမလား' ဟု ခြိမ်းခြောက်ခါမှ ဆူဆူပုတ်ပုတ်နှင့် လက်လျှော့လိုက်ရသည်။ ထို ပန်းဂရုစိုက်ခြင်းတာဝန်ကို အိမ်ထော်ထိန်းအန်းက လက်လွှဲယူခဲ့ရသည်။

လွန်ခဲ့သည့်နှစ်များက ကလေးငယ် အမှားလုပ်မိလျှင် ပြေးခိုင်းခြင်း၊ ဒိုက်ထိုးခိုင်းခြင်းတို့ဖြင့် အပြစ်ပေးလေ့ရှိသော်လည်း ယခုနှစ်ကစပြီး သခင်သည် ကလေးငယ်ကို ထိုသို့ မခိုင်းတော့။ မတော်တဆ သူ့ကလေးလေး ကြွက်သားတွေထွက်လာပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်နေမှဖြင့် ဘုန်းသွင်တို့ အရိုးစူးရချီရဲ့။ ထိုအခါ ကလေးငယ် မနှစ်သက်သည့် အပြစ်ဒဏ်တို့က နေရာယူတော့သည်။ ကလေးငယ်သည် အသားနာခြင်းကို အံကြိတ်ခံနိုင်သည့််လည်း သခင့်ဥပေက္ခာကို မည်သည့်နည်းနှင့်မှ မခံစားနိုင်။ တနုံ့နုံ့နှင့် ညှဉ်းသတ်နေသည့် ခံစားချက်ကြီးပင်။

Submissive 2.0 (completed)Where stories live. Discover now