Part 09

4.5K 260 3
                                    

(unicode)
ပြတင်းဖန်သားကို ထွင်းဖောက်လာသည့် နေရောင်စူးစူးတို့ အကြီးအကျယ် ဒေါသထွက်နေပုံပေါ်သည်။ ရောင်ခြည်တွေ ဖြာလိုက်တာများ မျက်စိကို စူးလို့။ စိတ်ဆိုးရခြင်းအကြောင်းကို မေးကြည့်မိတော့ ကုတင်ပေါ်တွင် မှောက်ခုံကလေး အိပ်ပျော်နေသော ကလေးငယ်၏ ဝင်းပပ အသားအရေကို ထိတွေ့ခွင့်မရလို့တဲ့။ ဘယ်ထိလို့ ရပါ့မလဲ။ ခပ်နွေးနွေး ဂွမ်းစောင်တစ်ထည်က အကာအကွယ် ပေးထားသည်မို့။ ထိုစောင်ဖြူလေးကို မနာလိုလိုက်တာလေနော့်။

နားထဲမှသည် ဦးနှောက်ဆီသို့ ကူးပြောင်းလာသော စာရွက်လှန်သံများကြောင့် ကလေးငယ်သည် အိပ်စက်နေရာမှ နိုးထလာခဲ့သည်။ လူကနိုးသော်လည်း မျက်လုံးတို့က မပွင့်ချင်သေး။ သို့သော် နဂိုတည်းက အပျင်းထူလေ့မရှိတာကြောင့် မျက်လုံးကို အသာဖွင့်ပြီး ဘေးဘက်ကို စောင်းကြည့်မိတော့ စာရွက်စာတမ်းတွေကို အာရုံစိုက်နေသော သခင့်ကို တွေ့လိုက်ရ၏။ ထိုအခါ ကလေးငယ်၏ နုန်းချိနေသော စိတ်အစုံသည် တောင့်ခနဲပင်။

သူ့ကလေးလေး နိုးလာသည်ကို ဘုန်းသွင်က သတိထားမိသည့်ပုံမရ။ စာရွက်စာတမ်းများကို အာရုံစူးစိုက်ကာ ဖတ်ရှုနေတော့သည်။ အလုပ်ထဲသို့ အာရုံနှစ်ထားသော ဘုန်းသွင်မှာ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဆိုတာ ကလေးငယ်လေး ကျိန်ပြောရဲသည်။ ဖြောင့်ဆင်းလှသော ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အကြည့်များက လှပကြော့ရှင်းလွန်းသည်။

တစ်ခုပဲ။ ဒေါသ အရမ်းကြီးတာ တစ်ခုလေးပါပဲ။

စဉ်းစားနေရင်းမှာပင် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို မျက်လုံးထဲ ပြန်လည် မြင်ယောင်မိလာတော့ ကြက်သီးတို့က ဖြန်းခနဲ။ ကလေးငယ်သည် သခင့်သားရေခါးပတ်ကို အလွန်ကြောက်ရွံ့သွားပြီဆိုတာတော့ သေချာသည်။

သူ့ကို အခု ထပ်ရိုက်မှာတော့ မဟုတ်လောက်ပါဘူးနော်။

လက်ကောက်ဝတ်တို့ကို တုတ်နှောင်ထားခြင်းမရှိတာကြောင့် ကလေးငယ်သည် မှောက်လျက်နေနေရာမှ ကုန်းထရန် ပြင်မိလိုက်၏။ ထိုအခါ ပါးစပ်ဖျားက "အ"ဟူသော အသံလေးက တသဲ့သဲ့။ အရိုက်ခံထားရသော ကြွက်သားအနည်းငယ်ကို လှုပ်ယမ်းလိုက်သည်နှင့် မနေ့ညက နာကျင်မှုက စပ်ခနဲပင်။

Submissive 2.0 (completed)Where stories live. Discover now