Part 06

4.3K 286 3
                                    

(unicode)
ခမ်း စံအိမ်သို့ ရောက်လာသည်မှာ တစ်လခွဲ နှစ်လခန့်ရှိပြီ။ သို့သော် ဘုန်းသွင်နှင့် အိမ်တော်ထိန်းအန်းမှလွဲ၍ အခြားမည်သူကိုမှ မတွေ့ဖူး။ သူကျောင်းသွားနေစဉ် အလုပ်သမားများ ရောက်လာပြီး သူအိမ်ပြန်မရောက်မီ ပြန်ကြသည်တဲ့။ ကလေးငယ်သည် လွန်ခဲ့သော တစ်ပတ်လောက်အထိ ကျောင်းကပြန်လာပြီး ရေမိုးချိုးသည်။ ပြီးနောက် အောက်ထပ်တစ်ထပ်လုံးရှိ တောက်တိုမယ်ရ အလုပ်များကို သိမ်းကျုံးလုပ်တော့သည်။ အပေါ်ထပ်တော့ မတက်ရဲပေ။

သူကလေးက ကျောင်းစာမှလွဲ၍ အကုန်ထူးချွန်သော လူငယ်လေး။ အထူးချွန်ဆုံးမှာ အကပင်။ အရင်ကျောင်းတွင် အကသီးသန့် မရှိ။ ယခုမူ အကကို ကျောင်းတွင်းလှုပ်ရှားမှုအဖြစ် ပါဝင်ခွင့်ရတာမို့ ဟန်ကျနေတော့သည်။ အလုပ်တွေ လုပ်ပြီး၍ အိမ်တော်ထိန်းအန်းလည်း အဝေးရောက်သွားတာ သေချာလျှင် အခန်းတံခါးကို ဂျက်ချ၊ နားကြပ်လေး နားထဲထည့်ပြီး အကလေ့ကျင့်သည်။ အောက်ထပ်မှာနေသူဖြစ်ရာ ဆူဆူညံညံမထွက်၍ သူကလေး အကခိုးခိုးကျင့်နေသည်ကို ဘုန်းသွင် အပါအဝင် မည်သူမှမသိခဲ့ချေ။

သို့ရာတွင် 'စာမေးပွဲနီးမှ စာကျက်သည်' ဆိုသော ဘွဲ့ထူးဘွဲ့မြတ်ကို အပိုင်ယူထားသည်ထင်။ အခုတစ်ပတ်မှစ၍ ကျောင်းပြန်လာပြီးလျှင် အခန်းထဲက ထွက်မလာတော့။ ညစာတော့ ထွက်စားသည်။ မြန်မြန်စားပြီး အခန်းထဲသို့ မြန်မြန် ပြန်ပြေးသည်။ အိမ်တော်ထိန်းအန်းမှာ ကလေးငယ်လေး ထူးဆန်းနေသောကြောင့် အခန်းတံခါးဝကို အသံမမြည်အောင်ဖွင့်ကာ အသာလေး ချောင်းကြည့်တော့ စာရေးစားပွဲတွင် ကုတ်ကုတ်လေးထိုင်နေသော ကလေးငယ်၊ အရှေ့တွင်လည်း စာအုပ်လေးနှင့်။

"ခမ်း၊ စာမေးပွဲ နီးနေပြီ မှတ်လား"

ရုတ်တရက်ထွက်ပေါ်လာသော အိမ်တော်ထိန်းအန်းအသံကြောင့် ကလေးငယ်လေး တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာလေးမှာ သုံးရက်အတွင်း ပိန်ကျသွားသလို၊ မအိပ်မနေ စာကျက်နေပုံရသည်။

"စာမေးပွဲက နောက်အပတ်"

နှစ်လစာကို တစ်ပတ်နှင့် အပိုင်ကျုံးရတော့မည့် ကလေးငယ်ပင်။

Submissive 2.0 (completed)Where stories live. Discover now