Part 02

5.6K 346 3
                                    

(unicode)
ခမ်းနောင်သည် စံအိမ်အပြင်ဘက်ရှိ ပန်းခင်းကြီးထဲထိုင်ကာ ညနေဆည်းဆာကို ငေးနေမိသည်။ လူကုံထံ ရပ်ကွက်ဖြစ်ရာ အိမ်ကြီးတစ်အိမ်နှင့်တစ်အိမ် အကွာအဝေးက မနည်း။ လမ်းလျှောက်သွားလျှင်ပင် မိနစ်အတော်ကြာသည်။ ထိုကဲ့သို့ အိမ်ကြီး အိမ်ကောင်းများကြားတွင် ဤစံအိမ်ကြီးက နံပါတ်တစ်ဖြစ်မည်ဟု မြင်သူတိုင်း မှန်းဆနိုင်သည်။ အမှန်ဆို သူ အဆင်သင့် မဖြစ်သေး။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤအိမ်ကြီးဆီသို့ လာရမည်ကို သိနေသော်လည်း အသက်(၁၅)နှစ် အရွယ် လူပျိုပေါက်လေး ခမ်းနောင်အတွက် ယခုအချိန်က စောလွန်းနေသည်။

"မင်းတို့ အရမ်း ကံကောင်းတာပဲ"

ခမ်းသည် သူ့ရှေ့ရှိ တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ပေါက်ရောက်နေသော ပန်းနီနီတို့ကို အားကျမိသည်။ ကြည့်ရတာ အရောင်မှေးမှိန်နေသော မျက်ဝန်းတို့က အနီရောင်ပန်းခင်းကြီးကို အံမတုနိုင်ပြီ ထင်ပါရဲ့။ သူက မိဘမဲ့ကိုး။

လေတိုက်တိုင်း ယိမ်းနွဲ့သွားသော ပန်းပင်တွေက သူကို ပြုံးပြနေဟန်ရှိတာကြောင့် ပြန်ပြုံးပြမိသည်။ လူတင်မဟုတ် ပန်းတွေကိုပါ ဖော်ရွေသော ခမ်းရယ်ပါ။ သို့ပေမယ့် သူ မပြုံးပြရဲသော လူတစ်ယောက်ရှိသည်။ ထိုလူက တစ်ခြားမဟုတ်။ ဘုန်းသွင်ပင်။

ဘုန်းသွင်ကို သူ ကြောက်သည်။ သို့ရာတွင် ကျေးဇူးလည်း တင်မိသည်။ လမ်းမီးတိုင်အောက်ရှိ အနှီးထုပ်ထဲတွင် ငိုယိုနေသော လသားအရွယ် သူကလေးကို အိမ်တော်ကြီးသို့ ခေါ်လာခဲ့သော အသက် (၁၃)နှစ်အရွယ် သခင်လေး ဘုန်းသွင်၊ အကြင်နာတရားမဲ့သော သခင်လေးဟု နာမည်ကျော်စောသော ဘုန်းသွင်က ကလေးလေးကို ပိုက်ကာ အိမ်တော်သို့ ခေါ်လာတော့ လူတိုင်း အံ့ဩသွားရသည်တဲ့။ ပိုပြီးအံ့ဩဖို့ကောင်းသည်က ဖခင်ဖြစ်သော သခင်ကြီး ဦးဘုန်းမြတ်အား ကလေးကို မွေးစားခွင့်မပြုခြင်းပင်။ အိမ်တော်ရှိ မည်သည့် အလုပ်သမားကိုမှလည်း ကလေးငယ် အနားသို့ ကပ်ခွင့်မပြုခဲ့။ ကလေးကို သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ခြင်းလည်း မဟုတ်ပြန်။ ပထမဦးဆုံးရက်မှလွဲ၍ ဒုတိယမြောက်နေ့တွင် အိမ်တော်ထိန်းယွန်းထံ ပို့ကာ လိမ္မာရေးခြားရှိအောင် သင်ကြားစေ၏။ ခမ်းကလေး အရွယ်ရောက်မှ ပြန်ခေါ်မည်တဲ့။

Submissive 2.0 (completed)Where stories live. Discover now