Part 35

2.4K 139 1
                                    

(unicode)
မပြောမဆိုနှင့် ဆက်သွယ်လာသည့် မေအော်ဆိုသည့် အမျိုးသမီးကြောင့် ဘုန်းသွင် ဦးခေါင်းတည့်တည့် မိုးကြိုးတစ်ချက်ပစ်သွားရသည်။ ကံမကောင်းချင်တော့ ထိုအဝင်ဖုန်းကို လက်ခံသူသည် သူ့ပိုင်ဆိုင်မှုလေး ခမ်းနောင်ပင်။ နဂိုတည်းက ဟိုအမျိုးသမီးက သူ့ကလေးကို စိတ်ဝင်စားနေပါတယ်ဆိုမှ ကြားထဲက ထိုအသံချိုချိုလေးကို ကြားသွားသေးသည်။ မီးလောင်ရာ လေပင့်များ ဖြစ်သွားပြီလား။ ကျစ်။ သူသည် တိုင်နှင့်ခေါင်းနှင့်သာ ပြေးဆောင့်ပစ်လိုက်ချင်တော့သည်။

စိတ်ပေါက်ပေါက်နှင့် အခန်းထဲ ပြန်ဝင်လာလေတော့ မျက်ရည်ပေါက်များနှင့် ပိုးတုံးလုံးလေးမှာ စောင်ပုံထဲတွင် နစ်မြုပ်လို့။ ခေါင်းလေးကိုသာ ဖော်ထားကာ သူ့အား ငူငူကြီး စိုက်ကြည့်နေတာများ ဂုတ်ကဆွဲပြီး စိတ်ရှိလက်ရှိ ကိုင်ဆောင့်ပစ်ချင်စရာ ကောင်းလေရဲ့။ အို၊ ဘုန်းသွင် စိတ်လျှော့စမ်း။ တော်ကြာ သူ့အားကြီးနှင့် ကိုင်ဆောင့်လိုက်ခါမှ နုနယ်လွန်းသည့် ပိုးတုံးလုံးလေး တစ်စစီ ပြုတ်ထွက်ကုန်မှဖြင့်။

"ထ"

တင်းမာနေသည့် မျက်နှာထားနှင့် ခက်ထန်လွန်းသည့် လေသံကို လျှော့ပစ်ရန် သခင်သည် နည်းနည်းလေးမှ စိတ်မကူး။ ကုတင်ခြေရင်းတွင် လက်ပိုက်ရပ်ကာ အမိန့်ချည်းသာ လှိမ့်ပေးနေမိ၏။ သူ့ကို ခေါင်းမီးတောက်အောင် မွှေခဲ့သည့် သူ့ကလေးလေးကို ဒီလောက်အထိတော့ လုပ်ခွင့်ရှိတယ် မလားလေ။

အခန်းနံရံတွင် ချိတ်ထားသည့် ကြိမ်လုံးကို လက်က မကိုင်ထားသည်ပင် ကံကောင်းဟုဆိုရမည်။ သို့သော် စောင်ပုံထဲရှိ ပိုးတုံးလုံးက ဖြုံသည့်ပုံမပေါ်။ မျက်ရည်များအပြင် နှာရည်များနှင့်ပါ ပေပွနေသည့် မျက်နှာလေးက တဖြည်းဖြည်းမော့လို့လာသည်။ လက်နှစ်ဖက်စလုံး အကောင်းတိုင်းကြီး ရှိပါလျက်နှင့် ထိုအရည်ပေါင်းစုံကို မသုတ်ထားသည့်ပုံထောက် သူ့ကိုကိုကိုယ်တိုင် သုတ်ပေးခြင်းကို စောင့်မျှော်နေသည်ဖြစ်ရမည်။ ခမ်းညစ်ပတ်လေး။ ကလေးငယ်သည် သူ့ကိုကို ကြားရုံမျှဆို၏။

"ချီ"

ဘုရား။ သခင်က "ထ"ဟု အမိန့်ပေးသည်ကို ကလေးငယ်လေးက "ချီ"တဲ့လား။ ကြားသားမိုးကြိုးတွေ ဖြစ်ကုန်ပါပြီတော့။

Submissive 2.0 (completed)Where stories live. Discover now