5 Unicode

1.1K 136 1
                                    

ဒီ​နေ့လည်း Baekhyun လာလာ မလာလာ သူသွား​နေကြမို့ သွားမယ်ဆိုပြီး ထွက်လာခဲ့ရာက ဘတ်စကပ်​ဘောကစားရုံထဲ Chanyeol ငူငူငိုင်ငိုင်နဲ့ တစ်​ယောက်ထဲ​ရှိ​နေရင်းက ခြင်းထဲကိုခုန်ပစ်သွင်းလိုက် ပြန်ကျလာတဲ့ ဘတ်စကပ်​ဘောလုံးကို ​ပြ​န်​ကောက်လိုက် ပစ်သွင်းလိုက်လုပ်​နေမိသည်

ပစ်လိုက်​ကောက်လိုက် အလုပ်ရှုပ်​နေရင်း အဲ့တစ်​​ခေါက်​ဘောလုံး​ကောက်ရမယ့်အလှည့်မှာ မ​ကောက်မပဲ ​နေ​နေမိသည် တစ်​ယောက်​ယောက်​ကြောင့် ထံပြန်လိမ့်လာတဲ့ ​ဘတ်စကပ်​​ဘောကိုကြည့်ရင်းက​နေပဲ သူ့​နောက်မှာ လူရှိမှန်းသတိထားမိပြီး လှည့်မိသည်

Baekhyun? ဒါတကယ်ပဲ Baekhyun လား

Chanyeol ​တွေး​နေရင်း ​ဘောလုံးကိုလည်းပြန်​ကောက်လိုက်သည် ထို့​နောက် အကြည့်​တွေက Baekhyun ဆီတစ်ဖန်

" မ​မော​သေးဘူးလား "

" မ​မောပါဘူး စိတ်​ပြေလိုက်​ပျောက်ဆို​တော့ အားလည်း သိပ်မထည့်ဖြစ်ဘူး "

" ​အော် "

" Baekhyun က ဒီကိုပဲလာတာလား "

Chanyeol ​မေးမိ​တော့ သူ့ကိုမကြည့်ပဲ ဘတ်စကပ်​ဘောလုံးခြင်းကိုသာ ​တွေ​တွေ​လေး​ငေး​နေ​သော ဘတ်ခွန်း​ကြောင့် သူလည်း ငြိမ်​နေရာက​နေ Baekhyun ကို​ငေးမိ​နေတယ်

တစ်ခဏ အသံ​တွေတိတ်သွားပြီးမှ Baekhyun က Chanyeol မျက်ဝန်း​တွေကိုကြည့်လာရင်း ကဆိုလာတယ်

" ဘတ်စကပ်​ဘော ကစားချင်တာ......ငယ်ငယ်ထဲက​လေ ​ဘောလုံးလဲ ကန်လို့မရခဲ့ဘူး ဘတ်စကပ်​ဘောလဲ မကစားရဘူး.......ငါ...ငါ စက်ဘီး​တောင်စီးခွင့်မရဘူး "

Baekhyun က စကားမ​ပြောရင်လည်း သူမ​နေတတ်ပါ , Baekhyun စကား​ပြောရင် သူပို၍ ပို၍ မ​နေတတ်​တော့ပါ အခုလည်း သူဘာပြန်​ပြော​ပေးရမယ်မှန်း​တွေးမရဘူး ဖြစ်​နေရပြန်သည်

" Chanyeol...."

" အင်း "

" ခင်များက ​တော်လိုက်တာ "

"......"

" ဘတ်စကပ်​ဘောလည်း ကစားနိုင်တယ် , ​​ကျောင်းစာမှာလဲ roll က 1 ဆိုတာကြီးပဲ , ​နောက်ပြီး ...."

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now