26 Zawgyi

155 12 0
                                    

ခရီးကပြန်လာ​နေတုန်း ဖုန်းလိုင်းအမြန်ရဖို့ကိုသာ အာရုံ​ရောက်နေကြ​သော Jaemi တို့ ဆရာဝန်အုပ်စု​ .

Chanyeol က​တော့လိုင်းရတာနဲ့ ပြုံးစိစိဖြစ်​နေတာ အိမ်ကိုဖုန်းဆက်အပြီး တခြား တစ်​ယောက်​ယောက်ဆီဖုန်းဆက်​နေပုံရသည် . ​ပြောပြ​နေစရာမလို​အောင် Baekhyun ဆီဆိုတာ အ​သေချာပင် . သို့​သော် ဘယ်လိုပင်​ခေါ်​ခေါ် လူကြီးမင်းနဲ့သာတိုး​နေ​တော့တာမို့ စိတ်ထဲ​တော့ သိပ်မကြည်ချင်​တော့ .

" Jaemi Hyung "

Chanyeol သူ့ရှေ့ခက်လှမ်းလှမ်းမှာ ထိုင်​နေ​သော Jaemi ကိုလှမ်း​ခေါ်လိုက်ခြင်းဖြစ်သည် .

" ဟို Hyung ရဲ့ဖုန်းကိုလည်း စစ်ကြည့်​ပေးပါဦး Minhyun Hyung များ တစ်ခုခု​ပြောထားလားလို့ "

" ​ဟေ ဘာလို့လဲ "

Jaemi လည်း ဖုန်းကိုထုတ် ပါဝါဖွင့်ရင်း ​နောက်ဆုံးခုံက Chanyeol ဆီ ကားအရှိန်​ကြောင့် တယိုင်ယိုင်နဲ့ပဲလာလိုက်သည် .

" ကျွန်​တော့်ဖုန်းက Baekhyun ဖုန်းကိုဆက်​တော့ကျ မရလို့ "

ဖုန်းကိုအပြစ်တင်လိုက်ခြင်းဖြစ်သည် . အ​မေတို့ကိုဆက်တုန်းက​တော့ ရတယ်မဟုတ်လား .

" မင်းကအကြားမြင်ရ​နေတာပဲ Chanyeol , ဒီမှာကြည့်ဦး "

Jaemi က သူ့ဖုန်းကို Chanyeol ဆီ ပြလိုက်သည် . ​နောက်ပြီး သူ့ဘက်ပြန်ယူပြီး Minhyun ဆီက ဒီ​လောက်များ​သော Miss call ​တွေကို စစ်ဖို့ စတင်လိုက်သည် .

ဒူ.....ဒူ.....ဒူ......

" ဝင်တယ်မကိုင်ဘူးကွ ဒီ​ကောင်ဘာလို့ ငါ့ဆီ မနည်းမ​နော​ခေါ်ထားတာလဲ မသိဘူး , စိတ်မပူနဲ့ Hyung ဆက်ပေးထားမယ် "

Chanyeol လည်း ​ခေါင်းသာ ငြိမ့်ပြလိုက်​တော့သည် . ကိုယ့်ထက်အကြီးဆို​တော့ အတင်းလည်း မလုပ်ခိုင်းချင် . ကိုယ့်​နေရာကိုယ် ပြန်ထိာင်​နေလိုက်​သော Jaemi ကိုသာ လှမ်းကြည့်​နေမိ​တော့သည် .

ကား​ဆိုက်မယ့်​နေရာ​ရောက်ပြီး ကား​ပေါက်က ဆင်း​တော့မှ Jaemi ဆီ ဖုန်းပြန်ဝင်လာပုံရတာမို့ Chanyeol အထုတ်​တွေယူရင်းမှ Jaemi နား အ​ပြေးလာခဲ့​တော့သည် .

" ဟမ်! ​​ငါလာခဲ့မယ် "

" ခဏ​နေ​ရောက်မယ် မင်း​စောင့်​နေလိုက် "

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now