24 Zawgyi

130 11 0
                                    

Chanyeol အမှန်တကယ်ပင် ဒီရက်​တွေထဲစိတ်နဲ့လူနဲ့ မကပ်ခြင်းဖြစ်သည် . စာသင်ခန်းထဲအတန်းတပ်​နေရင်​တောင် တက်​နေတာပဲရှိမည် သူ​သေချာအာရုံစိုက်မိသည်က ရှားလာတဲ့ထိပင် . အခုလည်း ​ကျောင်းသွားတဲ့လမ်းမှာကား​မောင်း​နေ​ပေမယ့်လည်း စိတ်ကမနည်းအာရုံစိုက်​နေရသည် . ဒါကို သတိထားမိသည်က Baekhyun .

" ​မောင် . "

Baekhyun ​ခေါ်တာကို​တောင် မကြားနိုင်​တဲ့ထိကို Chanyeol က အ​တွေးတွေလွင့်​နေတာဖြစ်သည် .

" ​မောင် ဒီရက်ပိုင်း ​မောင့်မှာ ဘာကိစ္စ​တွေရှိ​နေလို့လဲ "

Chanyeol က ဒီတစ်ခါလည်း မကြားသလိုပင် ဘာမှပြန်မ​ပြောလာတာ​ကြောင့် Baekhyun နည်းနည်း​တော့ စိတ်တိုမိသည် .

" ​မောင်! "

" ဟင် ဘာလို့လဲ ​မောင့်ကို​ပြော "

အော်​ခေါ်လိုက်မှ သတိပြန်လည်လာတဲ့ လူလို အသည်းသန်ကားကို ​လမ်း​ဘေးထိုးရပ်ရင်း Baekhyun ဘက်ကို လှည့်လာသည် . စိတ်ညစ်စရာရှိ​​နေရင်​တောင် Baekhyun ကို စိတ်ပူဖို့ မ​မေ့သွားတတ်တဲ့ သူမို့ Baekhyun စိန်ထဲကြည်နူးမိပါ​သေးသည် .

" ​မောင် ဘာ​တွေဖြစ်​နေတာလဲ "

" ​မောင်ဘာမှမဖြစ်ဘူး Baekhyun ဘာဖြစ်လို့လဲ ​မောင့်ကို​ပြော​လေ "

" ထားလိုက်​တော့ ငါလည်းဘာမှမဖြစ်ဘူး . ကားကို ​​တော့ သေချာအာရုံစိုက်​မောင်းဦး "

Baekhyun တကယ်ပင် စိတ်မရှည်​တော့တာ​မို့ ​နောက်မှပဲ​​မေး​တော့ဖို့ ဆုံးဖြတ်လိုက်သည် . ကားကို​တော့ ​သေချာအာရုံစိုက်ပြီး​မောင်း​နေပုံရတာမို့ နည်းနည်း​တော့စိတ်သက်သာရာရလိုက်သည် . Baekhyun ​ကျောင်း​ဆောင်ကို​ရောက်​တော့မှ ကား​ပေါ်ကဆင်းသွားတဲ့ Baekhyun ကို လှမ်းကြည့်လာသည် . Baekhyun လည်း တစ်ဖက် Chanyeol ကားတံခါးဘက်ကိုသွားလိုက်ပြီးမှ ကား​ပေါ်က Chanyeol ကို သက်ပြင်းချရင်း စကားစလာသည် .

" ​မောင် ငါက​မောင့်ရည်းစား​တော့ဟုတ်ပါ​သေးတယ်​နော် "

Baekhyun အ​မေးကို နားမလည်သလိုနဲ့ Chanyeol ကကြည့်လာတော့မှ

" ​မောင်အဆင်မ​ပြေတာရှိရင် ငါ့ကို​ပြောလို့ရတယိ ငါ့ကိုရင်ဖွင့်လို့ရတယ် . ငါကူညီနိုင်တာရှိရင်လည်း ငါကူညီနိုင်တယ်​လေ "

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now