23 Unicode

825 98 2
                                    

ဘာလိုလိုနဲ့ ​ကျောင်းပြန်ဖွင့်ပြီး ​နောက်ဆုံးနှစ်တောင်​ရောက်လာ​သော်လည်း Chanyeol အတွက်​နေ့ရက်တိုင်းက​တော့ ဒီ​ကျောင်း​ပြောင်းလာကတည်းက အဆင်​ပြေ​နေခဲ့သည် တခြားသူ​ကြောင့်​တော့မဟုတ် Baekhyun ​ကြောင့်ပင်ဖြစ်သည်

အခုလည်း ​ကျောင်းစဖွင့်ရက်မို့ Baekhyun ကိုဝင်​ခေါ် သူ့​ကျောင်းအ​ဆောင်ကို အရင်ပို့ပြီးမှ ကိုယ့်​ကျောင်း​ဆောင်ဘက်သွားမယ်ဆိုတဲ့ အစီစဥ်​လေးဆွဲမိပါတယ် ​ကျောင်းစရင်ကတည်းက ပျက်​တော့တာပဲ . Heera နဲ့က ​မေဂျာမတူ​ပေမယ့် ​ကျောင်းတူ​နေတာ​မို့ သူမ ကိုပါ လမ်းကြုံတင်​​ခေါ်​ပေးရမည်တဲ့​လေ .

" ဟို ​နောက်မှာဝင်ထိုင်လိုက်ပါလား "

ကား​​ရှေ့ခန်းတခါးကို ဖွင့်လျက်သားနဲ့ Chanyeol ​ပြေတာကို နားမလည်သလို ကြည့်လာ​သော Heera .

" ဒီမှာ Baekhyun ထိုင်မှာမို့ "

" အာ အို​ခေအို​ခေ "

Chanyeol ​ပြောလိုက်​တော့မှ သ​ဘော​ပေါက်သွားစလိုနဲ့ ​ကား​နောက်ခန်းထဲကို ဝင်ထိုင်လိုက်​တော့သည် . အမှန်ဆို ကိုယ်က သူနဲ့ မရင်းနှီးချင်​တော့တာ သူသိသင့်တယ်လို့ Chanyeol ​တွေးမိ​ပေမယ် ထုတ်​တော့မ​ပြောလိုက်​တော့ .

" Byun Baekhyun ကို ဝင်​ခေါ်​နေကြလား "

ကား​မောင်း​နေရင်းမှ ​နောက်ခန်း Heera ဆီက အသံကို ကြားလိုက်ရတဲ့ စကား​ကြောင့် Chanyeol နည်းနည်း​တော့ အလိုမကျဖြစ်မိတယ်

" ဟုတ်တယ်​လေ ငါပဲ ဝင်​ခေါ်​နေကြ "

" ​အော် "

ခဏတိတ်ဆိတ်သွားပြီးမှ စကားပ့န်စလာပြန်​သော Heera ​ကြောင့် Chanyeol ​တွေးမိတာက​တော့ ​မောင့် Baekhyun ​ကြောင့် ​မောင်​တော့ ကား​မောင်းရင်း စကားမ​ပြောချင်တဲ့ အကျင့်ရ​နေပြီထင်တယ် တဲ့....

" သူနဲ့တွဲ​နေတာ ကြာပြီလား "

" နင်နဲ့ငါ့ကြားမှာ အဲ့​လောက်ထိ နင့်ကို​ပြောပြစရာအ​ကြောင်းမရှိဘူးထင်တယ်​နော် ဒါငါ့ကိစ္စပါ "

Chanyeol က စကားလည်းမ​​ပြောချင်တာ​ကြောင့် ငြင်းလိုက်မိ​ပေမယ့် Heera ဘက်က​တော့ တမျိူး​တွေးသွားပုံရသည်

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now