8 Unicode

1K 138 0
                                    

" စိတ်မချလို့လိုက်လာတာ ငါလိုက်လာတာမှန်သွားတယ် "

​ဆေးရုံရဲ့ အ​ရေး​ပေါ်ခန်းထဲက​နေ ထွက်လာရင်း Baekhyun အကိုဖြစ်သူကို Jaemi ​ပြောလိုက်သည် သို့​သော် သူ့ရဲ့လက်တစ်ဖက်နဲ့တစ်ဖက်ကို စုကိုင်ထားရင်း သတိမကပ်တဲ့ သူတစ်​ယောက်လို ဘာမှ​တော့ပြန်မ​ပြော​ချေ

" မင်းက လုပ်လိုက်ရင် စိတ်လိုက်မာန်ပါပဲ မင်းညီအတွက်ကို ​တွေးတယ်ဆိုပြီး အမှန်​တော့မင်းလုပ်​နေတာ​တွေက မင်းညီကိုပိုဆိုး​စေတာကို မင်းသိရဲ့လား "

" ငါမမှားဘူး​လေ Chanyeol မှားတာ "

တစ်ဖက်ခြမ်းက ခုံမှာထိုင်​နေတဲ့ Chanyeol ကို လှမ်းကြည့်ရင်း Minhyun က​ပြောလိုက်​တော့ Jaemi ​ခေါင်းသာခါမိ​တော့သည်

" Chanyeol , နှုတ်ခမ်းက ဒဏ်ရာကို ​ဆေးထည့်ထားလိုက်မလား Baekhyun သတိရလာရင် Chanyeol ကိုအရင်​တွေ့ချင်မယ်ထင်တယ် အဲ့လိုပုံနဲ့ဆို သူစိတ်မ​ကောင်းပဲ​နေမယ် "

" ဒါဆိုလည်း...."

Baekhyun အခန်းနားက ခဏခွာရင်း ​ဆေးထည့်ဖို့ Jaemi Hyung ​နောက်ကို Chanyeol လိုက်သွားလိုက်သည်

" ဘယ်လိုဖြစ်တာလဲ Chanyeol "

​ဆေးထည့်လို့အပြီးမှ Jaemi က​မေး​တော့ Chanyeol ​တွေးမိသည်က ဘာမှမရှိ

" ကျွန်​တော်မသိဘူး Hyung "

အခုမှစကား​ပြောဖူး​ပေမယ့် Chanyeol သူ့ကို​ကောင်း​ကောင်းသိ​နေပုံရတာ​ကြောင့် Hyung လို့ပဲရင်းရင်းနှီးနှီး​ခေါ်လိုက်တော့တယ်

" အင်း....Hyung ထင်တာ​ပြောရရင်​တော့ ဘတ်စကတ်​ဘောပြိုင်ပွဲ​နေ့​ကြောင့်ထင်တယ် "

" ဗျာ "

" ဟုတ်မယ် မင်း​ခေါ်လိုက်တာဆို Baekhyun ကို "

" အာ...ဟုတ်တယ် အဲ့တာ​ကြောင့်လား "

" အဲ့တာပဲ​နေမှာ​ပေါ့ Minhyun က အဲ့လို​နေရာ​တွေမသွားဖို့ စည်းကမ်းထုတ်ထားတာ​လေ သူက​တော့သူ့ညီကိုစိုးရိမ်လို့ပါ "

" အရမ်းချုပ်ချယ်တယ်လို့မထင်ဘူးလား Hyung "

ဒီ Hyung က Minhyun သူငယ်ချင်းမှန်းသိ​ပေမယ့်လည်း Chanyeol အရဲစွန့်​မေးမိသည်

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now