30 ('・∀・) Unicode

1K 102 0
                                    

ရှားရှားပါးပါးရတဲ့ နားရက်​ရှည်​လေးမှာ ပင်လယ်သွားဖို့ကိုပဲ ဆုံးဖြတ်လိုက်တာမို့ မိသားစုကိုသာ အသိ​ပေးခွင့်​တောင်းပြီး နှစ်​ယောက်ထဲ ထွက်လာခဲ့ကြသည် . ကျန်တဲ့သူဆီက အရစ်မခံရပဲ Baekhyun အကိုဖြစ်သူဆီက​ အကြာကြီး အရစ်ခံလာရ​သော Chanyeol .

" ငါ့ညီက ​နေ​ကောင်း​သေးတာမဟုတ်ဘူး မင်းက​နေရာတကာ​​လျှောက်​ခေါ်​နေ​တော့တာပဲ " ဆိုတဲ့ Minhyun ရဲ့စကားက

" Hyung ညီ​လေးလိုက်သွားချင်လို့ပါ " ဆိုတဲ့ Baekhyun ရဲ့ တစ်ခွန်းထဲနဲ့ အဆင်​ပြေသွားရခြင်းမို့သာ ​တော်​တော့သည် .

ကားစ မထွက်ခင်ကတည်းက ​ကား​ရှေ့ခန်းခုံပေါ်အကျအနထိုင်​​နေသူ Baekhyun ​ကြောင့် Chanyeol ကပဲ မိဘ​တွေကို ​စိတ်ချဖို့ ​သေချာ​ပြောနှုတ်ဆက်ခဲ့ရသည် . အစပိုင်းတုန်းက​တော့ ကား​ပေါ်စားရ​အောင်ယူလာတဲ့ မုန့်မှန်သမျှ တစ်ထုတ်စီ​ဖောက်စား​နေရင်းမှ မကြာဘူး အိပ်​ပျော်သွား​တော့တယ် .

​ကားပြတင်း​ပေါက်ဘက်ကို ခေါင်း​တစ်ခြမ်း​စောင်း ​အိပ်​နေ​သော Baekhyun ​ကြောင့် ကြာ​တော့ ဇတ်နာမည်စိုး၍ ကားကို လမ်း​ဘေးခဏရပ်နားရ​တော့သည် . ​ခေါင်းကိုအသာကိုင်ပြီး ​နေရာတကျပြန်လုပ်​ပေးပြီး ကားခုံကို ​နောက်လှန်ချ​ပေးဖို့​တွေးပြီးလုပ်လိုက်​ပေမယ့်

" အင်း..... "

တအင်းအင်းနဲ့ မျက်လုံးပင်မဖွင့်ပဲနိုးလာပါ​သော Baekhyun .

" ​ခေါင်းနာ​တော့မယ် အခုထိအိပ်​ရေးမဝ​သေးတာလား ဟင်.."

" ကားမူးတယ် အိပ်ဦးမှာ "

" အင်းအင်း အိပ် , ​မောင်​ရောက်ရင်နှိုးလိုက်မယ် "

Chanyeol ​ပြောတာကိုပင်ဆုံး​အောင်နားမ​ထောင်ပဲ ပြန်အိပ်သွား​သော မျက်စိ​ရှေ့က မိုချိလုံး​လို လူသား​လေးကို ဝါးသာစားပြစ်ချင်တော့တယ် . အိပ်​နေတာများ နှုတ်ခမ်းပါးပါး​ရဲရဲလေးက ​ရှေ့ကို စူထွက်လို့ .
တ​ရွေ့​ရွေ့သွား​နေ​သော ကား​ကြောင့် တစ်ချက်တစ်ချက် ​နေအလင်း​ရောင်က ကားထဲကအိပ်​နေသူဆီကျ​ရောက်ပြန်​တော့ မျက်​မှောင်ကကုတ်​သေး . တစ်ခါတစ်​လေ Chanyeol ကို မျက်စိဖွင့်ကြည့်သည်ဆိုရုံ​လောက်. အသက်ရှုသံတိုးတိုး​လေးကိုပင် Chanyeol မှာ ချစ်မဝ.

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now