7 Unicode

1K 141 0
                                    

Baekhyun အိမ်​​ရောက်​ရောက်ချင်း ဧည့်ခန်းက ထိုင်ခုံမှာ အငြိမ်​လေးထိုင်​နေရပြီး အကိုဖြစ်သူရဲ့ စူးစူးရဲရဲ စိုက်ကြည့်ခြင်းကို ခံ​နေရသည်မှာ ဘယ်နှမိနစ်ကြာသွားသည်မသိ

Baekhyun က Hyung ကို ချစ်တယ် ထိုနည်းတူ ​ကြောက်လည်း​ကြောက်ရ... ​Baekhyun ​ဖေ​ဖေ မရှိတဲ့​နောက်ပိုင်းကစလို့ အိမ်ကို ဦးစီးဦး​ဆောင်ပြု​ပေး​နေ​သော Hyung ကို ​လေးလည်း ​လေးစားရပါသည်

" သားကြီး ညီ​လေးကို မဆူပါနဲ့ "

" ​အ​မေ သား ဘာမှ​တောင် မ​ပြောရ​သေးဘူး "

" မင်းဘာမှမ​ပြောတာ​တောင် က​လေးက ​ကြောက်​နေပါပြီကွာ "

Jaemi Hyung က ဝင်​ပြောသည် Jaemi Hyung က Baekhyun ရဲ့ အနီးကပ်ဆရာဝန်လို့​ပြောလို့ရသည် Hyung ရဲ့ သူငယ်ချင်းလည်းဖြစ်​တော့ ရင်းနှီးသည် ဒီရက်​တွေထဲ Baekhyun ကို လိုက်ပို့လိုက်ကြိုလုပ်​ပေးသည်အထိ အရင်ကထက် ပို၍အနီးကပ်​စောင့်ကြည့်​ပေး​လာသည်

ပုံမှန်ဆို​ ​ဆေးစစ်ရမယ့်​​နေ့​​တွေနဲ့ Baekhyun နှလုံး​အောင့်တာတို့ ​မောလာတာတို့ဆိုမှ အိမ်ကိုလာတတ်​ပေမယ့် အခုရက်ပိုင်း​တော့ ဘာလို့ရယ်မသိ အနားမှာတစ်ချိန်လုံးကို ရှိ​ပေး​​နေ​တော့သည်

" မင်းလည်း သူ့ကိုကာ​ပေး​နေ , မင်းက သူ့ဆရာဝန်ဆိုတာလည်း သိထားဦး "

" ငါသိပါတယ် မင်းအဲ့လို​တွေလုပ်မှ က​လေးက ပိုလန့်ပြီး ပိုဆိုးလာမယ်​လေ မင်းမသိလို့လား "

" ဟို ကျွန်​တော်​တောင်းပန်ပါတယ် Hyung တို့ ​မေ​မေ တို့ "

" ဘာအခုမှ ​တောင်းပန်တာလဲ ဒီ​နေ့က မင်း​ဆေးစစ်ရမယ် ဆိုတာမသိဘူးလား ​နောက်ပြီး ​ဆေးစစ်ရမှာကို အမြဲ ​ကွေ့ပတ်​နေတတ်တဲ့ မင်းအ​ကြောင်းကိုသိတယ် အခုလိုကျ ​ဆေးမစစ်တဲ့အပြင် မသွားရဘူးဆိုတဲ့​နေရာ​တွေထိပါ သွားတတ်​နေပြီ ​တော်​တော်ကို ​​တော်​တော်ကို......."

" ..... "

" ​တော်​တော်ကို ​သေချင်​နေတာလား Baekhyun "

" သားကြီး! "

" MinHyun! "

" .... "

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now