10 Unicode

1.1K 122 2
                                    

" Chanyeol ​ရေ ​ဟျောင့် Baekhyun Hyung က Post တင်ထားတယ်ကွ "

Kai က​ပြော​တော့ Chanyeol ထက် Sehun က ပို၍ တက်ကြွ​နေ​တော့သည်

" ဘာလဲ ငါ့ပြ "

" .... "

" သူသ​ဘောကျတယ်ထင်တယ် ငါသ​ဘောကျတယ် တဲ့ Caption က "

" ဝတ်ထားတဲ့ လက်​လေးပဲရိုက်တင်တာဆို​တော့
သူတကယ်သ​ဘောကျတာထင်တယ် "

သူတိူ့ဘာ​ပြော​ပြော ဘာမှမတုံ့ပြန်​သော Chanyeol ​ကြောင့် ဖုန်းကို အသည်းသန်ကြည့်​နေရာမှ Chanyeol ကိုလှည့်ကြည့်လာကြသည်

သ​ကောင့်သားက လွယ်အိတ်ထဲ အသည်းသန်နှိုတ်ရင်း အလုပ်ရှုပ်​နေတာ

" ဘာလုပ်​နေတာလဲ ​ပြောတာနား​ထောင်ဦး​လေ "

" .... "

" အမ​လေး​တွေ့ပြီ ဒီမှာ ဒီမှာ "

Chanyeol လက်ထဲ Bracelet ​တစ်ခုကိုကိုင်ထားရင်းပြလိုက်သည် ဒီတစ်ခုက​လည်း Baekhyun နဲ့ဆင်တူ ​သေး​သေးမျှင်မျှင်ဖြစ်​သော်လည်း B ဆိုတဲ့ စာလုံးတစ်လုံးသာပါသည် ဆင်တူလို့ထင်ရ​ပေမယ့် ဆင်တူမဟုတ်တာမျိုး စာလုံး​လေး​တော့ကွာ​သေးတယ်​လေ ー〰️ー

"​ အော်​အေး​အေး ငါကဒါ​လေးယူဆိုပြီး​ရွေး​ပေးတာကို မင်းက ဒါယူတယ် "

Sehun စိတ်တိုတိုဖြင့်​ပြောလိုက်သည် အ​ကြောင်းမှာ Chanyeol သူ့ကိုအ​ဖော်လာ​ခေါ်​သော​နေ့က သွားဝယ်ထားခြင်းဖြစ်ပြီး သူ့အားဝိုင်း​ရွေး​ပေးရန်​ခေါ်သွားခြင်းဖြစ်သည် သို့သော်သူ​ရွေး​ပေးခဲ့သည်က အခု Chanyeol နဲ့ Baekhyun ဝတ်ထားတဲ့ နှစ်ခု​တော့မဟုတ်​ချေ

" မင်း​ရွေး​ပေးတာကို မယူတာမဟုတ်ပါဘူးကွ ငါက ​နောက်မှ တွေး​ပေါက်လို့ ရိုးရိုး​လေးပဲ မှာဖြစ်ခဲ့တာ ဟီးးး ​နောက်မှ ငါသွားပြန်ယူထားတာ Sorry Sehun "

" ​အေး​အေး လုပ်​ပေါ့ ဘဲရှိတဲ့သူ​တွေပဲ "

" အဲ့​လောက်လည်းမဟုတ်ပါဘူးကွာ မင်းတို့​ပြောသလိုဆို Baekhyun က လက်ပတ်​ကို သ​ဘောကျတာ​နေမှာ​ပေါ့ "

" ​ကျိန်း​​သေတယ် "

အကြာကြီး​နေမှ တစ်ခါ​လောက်ပုံတင်​သော Baekhyun Account ထဲ ​ရောက်တုန်း​လေး အစဆုံး​မွှေရင်း ငြိမ်​နေ​သော Kai က ထ ​ပြော​တော့သည်

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now