15 Zawgyi

179 16 0
                                    

Chanyeol တို့လည်း စာ​မေးပွဲ အပြီးမှာပဲ Baekhyun လည်း ​ဆေးရုံက​ဆင်းခွင့်ရတာ​ကြောင့် ဒီနေ့​တော့ ​ဆေးရုံခန်း​လေးထဲ ရှုပ်ရှုပ် ရှုပ်ရှုပ်နဲ့ လူများ​နေသည်

အကုန်လုံးက ပစ္စည်း​တွေသိမ်း​နေ​သော်လည်း Chanyeol က​တော့ ဘာမှ မကူနိုင် , ​ရောက်ကတည်းက Baekhyun က သူ့နားမှာပဲ​နေရန်​ပြောလညလို့ အကုန်လုံးကလည်း ​ခွင့်ပြုတာ​ကြောင့် ​နေ​နေလိုက်ရသည်

" ​Chanyeol သက်သာ​အောင် ငါ့နား​ခေါ်ထားတာ​လေ မပင်ပန်း​တော့ဘူး​ပေါ့ "

Baekhyun က သူများ​တွေကြားမည်စိုး၍ တိုးတိုး​လေး​ပြောလာသည်ကို Chanyeol တစ်​ယောက်ပြုံးမိသည်

" အားနာစရာကြီး​လေ ​မောင်တစ်​ယောက်ပဲ လူနာမဟုတ်ပဲ ထိုင်​နေတာ "

" အားမနာနဲ့​လေ မပင်ပန်း​တော့ဘူး​ပေါ့ "

တိုးတိုး​လေးကိုမှ ရယ်သံ​နှော၍​ပြောလာ​သော Baekhyun ​ကို Chanyeol တကယ်ပင် သ​ဘောကျမိသည် Chanyeol ပင်ပန်းမှာကို စိုးရိမ်လို့ အကိုဖြစ်သူနဲ့ သူငယ်ချင်း​တွေကိုပဲ ပစ္စည်းသိမ်းခိုင်းတဲ့ အလည်​လေး​ Baekhyun ပေါ့

" ကဲရပြီ သွားကြမယ် "

Minhyun ​က အနားကိုလာပြီး ပြောလာ​တော့မှ သွားဖို့ပြင်ရ​တော့သည် ဒါ​တောင် Chanyeol ကို လှမ်းလှမ်းဆွဲ​နေ​သေးတာ​ကြောင့် အကိုဖြစ်သူဆီကပင် ဘာဖြစ်​နေတာလဲ ဆို​သောအကြည့်ကို ရလိုက်​သေးသည် Chanyeol က​တော့ အား​တွေနားလို့သာ ငြိမ်ငြိမ်​လေးလိုက်လာ​တော့သည်

ကျန်တဲ့ သူငယ်ချင်း​တွေက​တော့ ​ဆေးရုံအပြင်မှာတင် လမ်းခွဲလိုက်ကြပြီး Chanyeol ကို​တော့ Minhyun ကိုယ်တိုင်က အိမ်​ရောက်တဲ့ထိလိုက်ခဲ့ပါဟု​ပြော​သော​ကြောင့် Baekhyun တို့အိမ်ထိ ပါသွားရပြန်သည်

အိမ်​ရောက်လို့ အထုတ်​ပိုး ပစ္စည်း​တွေလည်း ချအပြီး ပြန်မယ်ဆိုမှ စကား​ပြောစရာရှိလို့ဆိုပြီး Minhyun ကဆိုလာပြန်သည် , Minhyun သွားရာခြံထဲကိုပဲ လိုက်ခဲ့လိုက်ပြီး ခြံထဲက ဒန်း​ပေါ်မှာပဲ Minhyun က စကားစလာသည်

" Chanyeol "

" ဟုတ်ကဲ့ Hyung "

" ညက ငါ ​ဆေးရုံကိုလာ​သေးတယ် ငါအကုန်သိလိုက်တယ် Chanyeol "

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now