11 Zawgyi

174 20 0
                                    

လက်ရှိအချိန်​တွေမှာ​တော့ 4th year နှလုံးအထူးပြုဌာနက​ ​ကောင်​လေးနဲ့ သူ့ထက် တစ်နှစ်ကြီးတဲ့ တိကုဆရာဝန်​လေး​တို့ရဲ့ အ​ခြေ​နေက အရင်ကနဲ့ မထူးခြားနားပါ...မထူးခြားဘူးဟုဆိုရ​သော်လည်း ဒါဟာ သူတို့နှစ်​ယောက်ကြား၌သာဖြစ်သည် အပြင်လူ​တွေအတွက်​တော့ တစ်ချို့က တွဲ​နေကြပြီလို့တစ်ဖုံ တစ်ချို့မလိုက်ဘူး မတွဲ​လောက်ဘူးဆိုသည်​တွေက တစ်ဖန်​ပေါ့

တစ်ခါတစ်​လေ Chanyeol လာ​ခေါ်တာနဲ့ အတူတူပြန်​လေ့ရှိတာကို ​တွေ့ရပြီး တစ်ခါတစ်​လေ​တော့ Jaemi Hyung လာကြိုတာမျိုးမို့ Jaemi နဲ့လည်း မကြာခဏတွဲ၍ ​တွေ့ရတတ်​သော Baekhyun ရယ်ပါ

Baekhyun အတွက်​တော့ Chanyeol က ဘယ်လိုလူလဲဆိုတာ သူ့ကိုယ်သူသိသည် သို့​သော် Chanyeol ဘက်ကို​တွေးမိ​တော့ စာသာ​တော်တာ ရည်းစားကိစ္စတွင်​တော့ ကြောင်​တောင်​တောင်နိုင်တယ်လို့ တစ်ခါတစ်​လေ ​တွေးမိ​သေးသည်

တစ်ခါတစ်​လေ Chanyeol အ​ပေါ်စိတ်ဆိုးစိတ်​ကောက်လိုက်ချင်သည် တစ်ခါတစ်​လေ​တော့ ကိုယ်ကအကြီးဆိုတဲ့အသိ​ကြောင့် ​အော်ဟစ်လိုက်ချင်ပြန်သည် Baekhyun အတွက်​တော့ Chanyeol နဲ့ ပတ်သတ်မိသမျှက စိတ်အ​ခြေ​နေကို ပြောင်းဆန်​နေ​စေသည်

အခုလည်း ​ကျောင်းပိတ်ရက်မို့ ​လေ​ကောင်း​လေသန့်ရ​အောင်ဟုဆိုပြီး အပြင်ကို​ခေါ်ထုတ်လာ​သော Chanyeol ​ကြောင့် မြင်ကွင်း​ကောင်း​သော်လည်း အနည်းငယ် လူများတယ်လို့ထင်ရတဲ့ ဆိုင်မှာထိုင်​နေကြခြင်းဖြစ်သည်

အိမ်ကို သူကိုယ်တိုင်ပဲ လာ​ခေါ်၍ သူကိုယ်တိုင်ပဲခွင့်​တောင်း​သော​ကြောင့် Hyung က ခွင့်ပြု​ပေးလိုက်ခြင်းဖြစ်သည် ​နောက်ပြီး Chanyeol က ​ကျောင်းမှာဆိုလည်း Major ကို ​သေချာ​လေး​သင်​နေရပြီမဟုတ်လား နှလုံး​ရောဂါရှိတဲ့ သူတစ်​ယောက်အတွက် ဘာ​တွေ​ကောင်းတယ် ဘာ​တွေဆိုးတယ်ဆိုတာမျိုး​တွေ​သူ​သေချာ​ပေါက် သိ​နေတာပေါ့

အိမ်ကထွက်ထွက်ခြင်း Hyung ​ပြောတာကို ကြားလိုက်ပါ​သေးသည် 

" ​ကျန်းမာ​ရေး​လေး နည်းနည်း​ကောင်းတာနဲ့ Date ချင်​နေပြီ " တဲ့​လေ

▪︎▪︎▪︎▪︎

ဆိုင်ကို​ရောက်ကတည်းက ​​ရှေ့တည့်တည့်က ထိုင်ကြည့်​နေ​သော Chanyeol ​ကြောင့် ကြာ​တော့ Baekhyun ​နေရခက်လာသည်

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now