9 Zawgyi

159 20 0
                                    

အချိန်​တွေကုန်လာတာ အရမ်းမြန်တယ်​လို့​ပြောလို့ရ​ပေမယ့် Chanyeol နဲ့ Baekhyun ကြားက ဆက်ဆံ​ရေးက​တော့ ​အဆင့်တက်ဖို့​နေ​နေသာသာ ​ခြေလှမ်း​တောင် မစသေး​သော Chanyeol ​ကြောင့် ​ဘေးက မြင်​နေရတဲ့ သူငယ်ချင်း​တွေကပါ စိတ်ကုန်မိတဲ့အထိပဲ

" မင်းရဲ့ နုနုယွယွ Hyung နဲ့ ခင်တာလည်း ၁ နှစ်မက​တော့ဘူး​လေ သူလည်းအခုဆို စတုတ္ထနှစ်က​တောင်ပြီး​တော့မယ် Chanyeol "

Suho Hyung က​ပြော​တော့ Chanyeol စာ​​ရေးစားပွဲ​ခုံက​နေ Hyung ဘက်ကို မျက်နှာလှည့်ရင်း ဗြုန်းစားကြီးဘာတုန်းဆိုတဲ့သ​ဘောနဲ့ ပြုံးပြုံးကြီးနဲ့မျက်​မှောင်ကုတ်ကြည့်လိုက်သည်

" အမယ် ငါ့ကို ကြည့်မ​နေနဲ့ အိမ်ကလူ​တွေ​ရော စင်္ကာပူက ငါအထိ အကုန်သိ​နေတာ​လေ မင်းဘယ်​လောက်ကဲ​ကြောင်း မင်းအ​မေ ငါ့ကိုဖုန်းလှမ်းလှမ်းဆက်လွန်းလို့ "

" အ​မေကလား ကျွန်​တော်တစ်ခါမှ​တောင် အိမ်မ​ခေါ်လာဖူးပါဘူး "

" မင်း​ခေါ်​တော့​ရော လိုက်မှာလား ဘာမှလည်းမဆိုင်​သေးပဲနဲ့ "

" ငယ်​သေးလို့ပါ "

" မင်းက ငယ်တာလား အမ​လေး ဒီ​ကို​ပြောင်းလာမှချစ်ဖူးပြီး ဘာမှမလုပ်တတ်လို့​ မစရ​သေးတာမလား ဝင်ခံလိုက် "

" မဟုတ်တာ တကယ်ငယ်​သေးလို့​လေ "

" ​အေး​အေးငယ်​နေ တခြားတစ်​ယောက်​နောက်ပါသွားမှ ငို​​နေရမယ်မင်း "

" ဘာ​တွေ​ပြော​နေကြတာလဲ အခုထိ ရိုးရိုးသားသားပါပဲ​ဆို "

" ငြင်းမ​နေနဲ့ မြန်မြန်ဖွင့်​ပြောလိုက် ဟိုက​ နေလည်း​ကောင်းတာမဟုတ်ဘူး "

" .... "

" အနားသွားကပ်ပြီး စိတ်ဆင်းရဲ​အောင်လုပ်​နေတယ် "

" Hyung! ဒါ​တော့များသွားပြီ Baekhyun စိတ်ညစ်​အောင် ကျွန်​တော်ဘာမှမလုပ်ပါဘူး​နော် "

Chanyeol တကယ် ငြင်း၍ ပြန်​အော်လိုက်ခြင်းဖြစ်သည် ဟုတ်သည်​လေ သူမှ Baekhyun စိတ်ညစ်​အောင် မလုပ်​ဖူးတာ ဒီတိုင်း ​ခေါ်​ပြော အတူသွား တစ်ခါတစ်​လေ အတူတူကန်တင်းအတူထိုင်မိကြရုံသာ ထိုတစ်ခါတစ်​လေများ​တွင်လည်း သူနဲ့ Baekhyun ရဲ့ သူငယ်ချင်း​တွေကအမြဲပါဆဲ ပါမြဲကို

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now