18 Unicode

1K 112 0
                                    

ဒီရက်​တွေထဲ​တော့ ပိတ်ရက်​တွေမို့ ထုံစံအတိုင်း Jaemi Hyung ဆီသွားလိုက် Baekhyun ဆီသွားလိုက်နဲ့မို့ သူငယ်ချင်း​တွေကို ပစ်ထားပါတယ်လို့ ​ပြောလာ​သော Sehun တို့နှစ်​ယောက်​ကြောင့် ဒီ​နေ့​တော့ Chanyeol တစ်ဝိုင်းလိုက်​ကျွေးရန်ဖြစ်လာပြန်သည်

" ဟိုမှာ လာပါပြီ "

ဆိုင်ထဲထိုင်​နေရင်းက​နေမှ Chanyeol အလာကို ​မျှော်​နေကြ​သော Sehun နဲ့ Kai . ဆိုင်ထဲကို Smart ကျကျ တစ်လှမ်းချင်းလှမ်းလာ​သော Chanyeol ကိုမြင်​တော့မှ စိတ်​အေးရဟန်

" အမ​လေး ​ကျောင်းပိတ်ထဲက အခုမှပဲ မင်းမျက်နှာမြင်ရ​တော့တယ် ငါ့​ကောင်ရယ် "

ကား​သော့ကို စားပွဲခုံ​ပေါ်တင်ရင်း ကြည့်​ကောင်းလွန်းစွာ ထိုင်လိုက်​သော Chanyeol ကို ကြည့်ရင်း Sehun က​ပြောလိုက်​သည်

" လာခါနီးမှ အ​မေခိုင်းတာ​လေး ဝင်လုပ်​ပေး​နေရလို့ကွာ , Kai ​ရော "

" ဟိုမှာ​လေ မင်းဝင်လာကတည်းက သူကသွားမှာ​နေပြီ ငတ်​နေသလိုပဲ "

" မင်းလည်းငတ်တာပဲ​လေ ဝယ်စားနိုင်ရဲ့သားနဲ့ ငါ့ကိုသက်သက်ညစ်​နေကြတာ "

Chanyeol ​ပြော​တော့ ညစ်ကျယ်ကျယ်ပြုံးပြသည်က Sehun .

" မင်းက ငါတို့ဆီ​တောင်မလာဘူး​လေ အား​နေ Baekhyun hyung ဆီပဲသွား​နေတာကို ​နောက်ပြီးဒီ​နေ့က သက်သက်​ညစ်ပြီးခေါ်တာမဟုတ်ဘူး trip အ​ကြောင်းလည်း​ပြောဦးမလို့ "

" ဘာလဲ​ပြော "

" ​နေပါဦး စားပါရ​စေဦး "

Kai က လှမ်း​ပြောခြင်းဖြစ်သည် အခုသူတို့ထိုင်​နေတာက Lotteria ကြက်​ကြော်ဆိုင်တစ်ခုမှာဖြစ်ပြီး Kai နဲ့ Sehun က သူတို့ချိန်း​တော့ သူတို့ကြိုက်တဲ့ဆိုင်ကို​ရွေးခဲ့ကြဟန်ဟူသည်

" ​ပြောပါဦး ငါတို့ဆီမလာနိုင်ရ​အောင် ဘာ​တွေမအားပဲ ဖြစ်​နေတာလဲ "

" မအားတာ​တော့မှန်တယ်​ ငါ​ကျောင်းမြန်မြန်ပြီးချင်​နေပြီကွာ Baekhyun ကမြန်မြန်ခွဲစိတ်​လေ​ကောင်း​လေပဲ​လေ သူကလည်း ငါ​ကျောင်းပြီးမှ ငါကု​ပေးမှဆိုတာနဲ့ပဲ ရစ်​နေတယ် "

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now