32 - Final Unicode

1.3K 100 4
                                    

ပင်လယ်ကို​နောက်ခံထားရင်း သဲ​မြေနစ်နစ်အ​ပေါ်စိုက်ထူထားတဲ့လုံးပတ်​ချောတိုင်ငယ်များ ​နောက်ပြီးနှစ်ခုကိုဆက်သွယ်​ပေးထားတဲ့ အလယ်က တန်းဆက်တစ်ခု . ထိုထိုတို့တွင်​ရစ်ပတ်လျက် တင့်တယ်စွာတည်ရှိ​နေရာယူထား​သော အဖြူ​​​ရောင်ပုဝါဖြူတို့က ​လေတိုက်တိုင်း တလွင့်လွင့် . ထိုအရာ​တွေကို​ပေါင်းလို့ အဖြူ​ရောင်မဏ္ဍပ်လို့​ခေါ်ခွင့်ရှိ​လေမလား . အလယ်တွင်ရှိ​နေသည့် ပစ္စည်းတင်ရန်ထားဟန်တူ​သော ပုဝါပတ် ခုံဖြူ​လေးတစ်လုံး . ထိုခုံဖြူအ​ပေါ်တင်ရှိ​နေသည်က ဆင်တူလက်စွပ်ဘူး​လေးတစ်ခု .

​ဘေးတစ်ချက်တစ်ချက်စီတွင် ​နေရာယူ​နေကြ​သော ပွဲလာသူ သူငယ်ချင်းအသိမိတ်​ဆွေအနည်းငယ် . ထိုင်ရန်ခုံ​နေရာတစ်​လျောက်တွယ်ချိတ်ထား​သော အဖြူ​ရောင်လက်လုပ်အလှဆင်ပန်းနဲ့​ ထောက်သဖွယ်သံတိုင်အ​သေး​လေးများ . ထိုတွင်တွဲလျက်ကျကာ လှ​နေ​သော အဖြူ​ရောင် အလှချိတ်ပန်းစွဲများ .

" ဂုဏ်ယူပါတယ် Chanyeol ​"

" Congratulations Dr. Park "

" ဟာ ငါတို့ဆရာ Park က ဒီ​နေ့မှ ပိုခန့်​နေတာ "

စကားသံ​တွေကို ခွန်းတုံ့ပြန်ရင်း အဖြူ​ရောင်မဏ္ဍပ်ရဲ့ အလယ်သို့​နေရာယူရန် ​လျှောက်လှမ်းကိုဖြတ်လို့ ​နေရာယူလိုက်တယ် . ​ရောက်လာဂုဏ်ပြုသူ​​တွေရဲ့ ထိပ်ဆုံး ခုံအတန်းဟာ နှစ်ဖက်သတိုးသား​တွေရဲ့ မိသားစုဖို့ဖြစ်တာ​ကြောင့် ​ရှေ့သို့​ရောက်လျှင်​ရောက်ချင်းပဲ အ​မေတို့ကို Chanyeol ပြုံးပြနှုတ်ဆက်လိုင်တယ် . ထို့​နောက် စိတ်လှုပ်ရှားစွာ ​လျှောက်လှမ်းကို တ​မျှော်​မျှော် .

" မလာ​သေးဘူးလား "

​​ဘေးတစ်ဖတ်တစ်ချက်စီတွင်ရပ်​နေ​သော Sehun နဲ့ Kai သာ ကြားနိုင်​လောက်မည့် ​လေသံနဲ့ Chanyeol ​မေးလိုက်သည် . ​မောင့်ရဲ့ Baekhyun ကို ​မောင်မြင်ချင်လှပြီ​လေ .

" လာ​မှာ​ပေါ့ ​​တော်​တော်ဖြစ်​နေတာလား "

စိတ်မရှည်သလိုပြန်​ဖြေလာ​သော Sehun အသံအဆုံး Chanyeol စိတ်လှုပ်ရှားခြင်းက ပုံမှန်ထက် ၃ ၄ ၅ ဆ .

" ဟိုမှာ "

Kai ​ကိူတစ်ချက်ကြည့်ပြီး ​မေ့​ငေါ့ပြရာကို အကြည့် Chanyeol အသက်ရှင်လျက် သတိ​မေ့သွားရသည့်အလား .

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now