19 Unicode

882 100 0
                                    

ပင်လယ်​ရောက်တဲ့ စစ​နေ့​တွေထဲက Chanyeol မှာ ​သူငယ်ချင်း​တွေနဲ့ သေချာက​စားရတယ်ဆိုတာမရှိ . Baekhyun ကိုယ်တိုင်က " သူငယ်ချင်း​တွေနဲ့ ​နေ​ပေးလိုက်ဦး​လေ " ​လို့​ပြောလာ​ပေမယ့် Chanyeol သွားမ​နေဖြစ် . ဘယ်လိုပဲ KyungSoo တို့ Xiumin Hyung တို့နဲ့ စိတ်ချရ​စေဦး သူ့ Baekhyun ကို သူစိတ်မချနိုင်ပါ...

" ​မောင် ငါ့နားပဲ ကပ်မ​နေနဲ့​လေ ​"

ကမ်း​စပ်မှာ ​ဘောင်းဘီ​​အောက်ဖျား​လေးတွေကို ​ခြေသလုံး​​လေး​တွေပေါ်တဲ့ထိ ​ခေါက်တင်ထားပြီး လမ်း​လျှောက်ရင်းက​နေ Chanyeol ဘက်ကိုကကည့်ပြီး ​ပြောလာခြင်းဖြစ်သည် .

" ဘာလို့လဲ ​Baekhyun အဆင်မ​ပြေလို့လား "

" မဟုတ်ပါဘူး ငါ့နားပဲ​နေ​နေ​တော့ ​မောင့် သူငယ်ချင်း​တွေက ငါ့ကိုမုန်း​နေကြဦးမယ် "

" မဟုတ်တာ​တွေ​တွေးပြန်ပြီ "

Chanyeol က ​ပြောရင်း Baekhyun လက်​သွယ်သွယ်လေးကိုပါ စုတ်ကိုင်လိုက်​တော့ မျက်ခုံး​လေး​တွေတက်တဲ့ထိ Chanyeol ကို ကြည့်လာပြန်တာ​ကြောင့် Chanyeol ​မေးမိသည်

" ဘာလို့လဲ "

" ဟင့်အင်း "

"ဘာလို့ ​မောင့်နားကလူ​တွေက ​မောင့် Baekhyun ကို အမြင်မကြည်ဘူးလို့ပဲထင်​နေရတာလဲ "

လက်​တွေ​တွဲထားရင်း လမ်း​လျှောက်​နေရာမှ ရပ်လိုက်ပြီး Chanyeol ကို ကြည့်လာသည် . ​လေအတိုက်တစ်ချက်မှာ Baekhyun ​ရော Chanyeol ​ရော ဆံပင်​လေး​တွေက ဝဲ​နေသည်မှာ အကြည့်ချင်းဆုံ​နေ​သော သူတို့နှစ်​ယောက်မြင်ကွင်းအတွက် ပိုပြည့်စုံ​စေသည်...

" ထင်တာပဲ​လေ မဟုတ်ဘူးလား "

Baekhyun ​ပြော​တော့ Chanyeol က ပြုံးပြုံး​လေးနဲ့ပဲ တွဲထားတဲ့ လက်​တွေကို လွှဲရင်းပြန်​ပြောသည်

" လူ​တိုင်းက ​​မောင့် Baekhyun ကို ဟိုးးးအရင်ကတည်းက ချစ်ကြပါတယ် ​မောင်ချစ်သ​လောက်​တော့ ဘယ်ဟုတ်မလဲ ဒါကို​ရော သိရဲ့လား ​မောင့်သည်းငယ်​​ငယ်..."

Chanyeol ​ပြောလိုက်​တော့ နားဖျား​လေး​တွေရဲသွားတဲ့ထိ ရှက်သွားသည်က Baekhyun ​ပေါ့ . ခဏအကြာ​တော့မှ.

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now