31 Zawgyi

172 13 0
                                    

" Park Chanyeol!! Byun Baekhyun!! , အခုတံခါးလာဖွင့်​ပေးစမ်း! မကြားကြဘူးလား အခုလာလို့!! "

မနက်အ​စော ၆ နာရီ​လောက်ကြီး အပန်း​ဖြေတဲ့​ဒီလိုနေရာမှာ Chanyeol နဲ့ Baekhyun ကို သိမယ့်သူဆိုလို့ရှိနိုင်မည်မဟုတ် . အခန်းတံခါးကို အားပါပါ ထုလိုက် နာမည်​ခေါ်ရင်း ​အော်​ငေါက်လိုက်နဲ့ အံ့သြစတာမို့ Chanyeol ကပဲ တံခါးထဖွင့်ဖို့လုပ်လိုက်ရ​တော့သည် .

" ဟာ Hyung! "

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ ​ယောက္ဖဖြစ်သူက စိတ်တို​နေဟန်ရကာ အတင်းက​ရောပဲ အခန်းထဲ တိုးဝင်သွား​တော့သည် . ​နောက်တွင်ကျန်ခဲ့သည်က Chanyeol နဲ့ ဟိုတယ်က ဝန်ထမ်း​တွေသာ .

" ​အကိုတို့ရဲ့ အကိုဖြစ်သူလို့​ပြောပြီး အတင်းလိုက်ပို့ခိုင်းတာ​ကြောင့် .... "

" အာရတယ်ရတယ် အကိုတို့ရဲ့အကိုဟုတ်တာမို့ စိတ်မပူပဲ​နေကြ​နော် "

Chanyeol ​​ပြောလိုက်မှ စိတ်​အေးသွားရပုံရ​သော ဝန်ထမ်းလူငယ်​လေး​တွေ . ဒါနဲ့ ဒီ Hyung က ကမ်း​ခြေထိ ဘာလိုက်လုပ်တာလဲ .

ဖြန်း!

" အ့! "

" Hyung ​​ဖြေး​ဖြေးလုပ်ပါ "

ကုတင်​ပေါ်​အိပ်​​မောကျနေ​သော Baekhyun ဖင်ကို ဖြန်းခနဲရိုက်လိုက်သူ​ကြောင့် အ့ ခနဲ အသံထွက်လာသူက ကာယကံရှင် Baekhyun ဖြစ်ပြီး မ​ကျေမနက်၍ကြားဝင်​ပြောသူ Chanyeol , ပြိုင်တူထွက်လာ​သောအသံပင်ဖြစ်သည် .

" ​ပြစမ်း ပြစမ်း ငါလာတာ​တောင် ​နောက်ကျ​နေပြီလား ဖယ် မင်းလက်ကို "

ကုတင်ပေါ်ထထိုင်​နေပြီဖြစ်​သော Baekhyun အင်္ကျီ​တွေကို ဟိုဆွဲဒီချ တစ်စုံတစ်ခုကို ရှာကြည့်​နေပုံရ​သော Minhyun ​. Chanyeol ​ရော Baekhyun ပါ အကိုဖြစ်သူရဲ့ လုပ်ပုံ​​တွေကိုနားမလည်နိုင်​တော့ပါ .

" ​တော်​သေးတယ် ဘာမှမဖြစ်လို့ အင့်ဟယ် "

ပြောရင်း ကုတင်ပေါ်ထိုင်​နေသူ Baekhyun ​ခေါင်းကို ထပ်မံ၍ ​နောက်ကချလိုက်ခြင်း .

" ဟာ Hyung ​တော်ပါ​တော့ ဘာဖြစ်လာတာလဲ "

" ဘာကိုဘာဖြစ်လာတာလဲလဲ ဒီမှာ​လေ ဒါကဘာလဲ ငါအလာ​ကောင်းလို့​တော်​သေးတယ် "

AmnesiA [ 𝙲𝙷𝙰𝙽𝙱𝙰𝙴𝙺 ] {𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝗗}Where stories live. Discover now