အခန်း -၂၂

4.5K 655 32
                                    

အခန်း (၂၂)

သေရည်ကောင်းရယ် အမြည်းကောင်းရယ် အချောလေးရယ်.. ကဲ လောကမှာ ဘာထပ်လိုဦးမလဲ ... ဒါက လီကိုရဲ့ အတွေး..

ဒီလောက်စိတ်ထိခိုက်ပြိုလဲပြီးတာတောင် သူနဲ့ ခုလို ခပ်တည်တည် စကားပြောနိုင်သေးတယ်.. ဒီလူက တကယ် စိတ်ဝင်စားဖို့ ... လေးစားဖို့ကောင်းလွန်းတာပဲ.... ဒါက ရန်ကျင်းရီရဲ့ အတွေး....

ဒီလိုနဲ့ပဲ... ဦးနှောက် ရော အတွေးအခေါ်ရော တစက်လေးမှ ကာရန်မညီ.. အကျိုးအကြောင်းမဆီလျော်တဲ့ ဒီလူ၂ယောက်ဟာ ထူးဆန်းစွာကို သဟဇာတ ဖြစ်နေသလို...

သေရည်ကလဲကောင်းတယ်.. အသားကလဲကောင်းတယ်.. လီကို စကားပြောဖို့ကို စိတ်မဝင်စားမိ.. နှစ်ယောက်လုံး တိတ်ဆိတ်စွာပင် သောက်နေမိကြသည်.. အားလုံးအထင်နဲ့ ဆန့်ကျင်စွာပင် အရင်ဆုံး ထိုင်ရာကယိုင်လာသူက ရန်ကျင်းရီဖြစ်နေသည်.. "ကျိလူကြီးမင်း"

လီကိုက အသံထွက်သည်ဆိုရုံ ပြန်ထူးလိုက်သည်."အင်း"

"ကျိလူကြီးမင်း နန်းတွင်းမဝင်တာ ဆယ်ရက်လောက်ရှိနေပြီမှတ်လား.. လွန်ခဲတဲ့ ၂ရက်က ခမည်းတော်က ကျိလူကြီးမင်း ကိုမေးတယ်"

လီကို က ခုနကလိုအသံဖြင့်ပြန်ဖြေသည်.. "အော်"

ရန်ကျင်းရီကပြုံးသည်.. "ကျိလူကြီးမင်းက ခမည်းတော် ဘာမေးလဲ မသိချင်ဘူးလား"

လီကိုက အကြောတင်းစွာပြန်ဖြေသည်.."မိုးကြိုးဖြစ်ဖြစ် နှင်းပေါက်ဖြစ်ဖြစ် အကုန် အရှင့်ကျက်သရေပါ"

ရန်ကျင်းရီ မျက်ခုံးတချက်ပင့်သွားသည်..

လီကို ကထပ်ပြောသည်.. "တတိယမင်းသား ရဲ့ ရည်ရွယ်ချက်အောင်မြင်သွားပြီပေါ့"

"ဘာရည်ရွယ်ချက်လဲ"

လီကိုက ခပ်ရေးရေးပြုံးသည်.. စကားတော့ပြန်မပြောပါ..

ရန်ကျင်းရီက လီကို့မျက်နှာကို ငေးစိုက်ကြည့်နေမိသည်.. ထို့နောက် လက်ခုပ်ထတီးလိုက်ကာ "ကျိလူကြီးမင်းက တကယ်ကို ကျော်ဇောသင့်ပါပေတယ်"

လီကို မျက်လွှာကိုချထားရင်း" တကယ်ကိုပဲ မင်းကြီးက ဒုတိယမင်းသားကို အမြင်မကြည်တော့ဘူးထင်တယ်"

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now