အပိုင်း-၃၅

1.7K 240 25
                                    


လီကို ရဲ့ အလူးအလဲ ခံစားနေတဲ့ ပုံစံကို ရွမ်ဖေးဖေးကို မြင်စေချင်ပေမယ့်လို့ ချင်ပုယွဲ့က အဲ့လောက်ထိတော့ စည်းမရှိတာမျိုးမဟုတ်သေးပါ.. လီကို စိတ်ဆိုးပြီး သောင်းကျန်းမှာကိုလဲ သူမလိုလား...

ရွမ်ဖေးဖေး ပြန်လာခါနီးအချိန်နီးလာချိန်မှာတော့ ချင်ပုယွဲ့က လီကို့ကို ချီကာ အခန်းထဲသို့ ထည့်သည်... တံခါးမပိတ်ခင်မှာ လီကိုရဲ့ အိပ်နေတဲ့မျက်နှာကို သေသေချာချာ စူးစူးစိုက်စိုက် သူငေးကြည့်နေမိသေး၏..

လီကို့ရဲ့ ထို ပုံစံလေးကို ငေးနေရာကနေ ချင်ပုယွဲ့ စိတ်မထိန်းနိုင်တော့ဘဲကိုယ်ကို ကိုင်းပြီး နူးညံ့စွာ ငုံ့နမ်းလိုက်သည်..

ရွမ်ဖေးဖေး အိမ်ပြန်လာချိန်မှာ ပြန်ဖို့ ထွက်လာသည့် ချင်ပုယွဲ့ နှင့် ထိပ်တိုက်တွေ့သည်.. ချင်ပုယွဲ့က သူမကို ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် မသတ်မှတ်ဘဲ နှုတ်ဆက်ခြင်းမရှိ ဒီတိုင်း ထွက်သွား၏..

ဒီလူကို သူမ ဘာများ ပြစ်မှားမိခဲ့လို့လဲ ဆိုသည့်အတွေးဖြင့် ဖေးဖေးတစ်ယောက် ခိုးလိုးခုလု ဖြစ်ကျန်ခဲ့သည်.. သူမအိမ်ထဲကို ဝင်လိုက်ချိန်တွင် ထူးဆန်းသည့်အနံ့ တမျိုးကို ရလိုက်၏.. တော်တော် ထူးတဲ့ အနံ့ပါ.. တချက် ရလိုက်ရုံဖြင့် သူမ ပါးပြင်နှစ်ဖက်လုံးရဲတက်သွားသည်..

လီကိုကတော့ တညလုံးအနားယူပြီးနောက်နေ့မှ နိုးလာသည်.. ချင်ပုယွဲ့ရဲ့ ခွန်အားက လွန်လွန်းအား ကြီးလွန်းပါတယ်.. အဲ့ဒီ ၂နာရီလုံး တချက်မနားဘူး.. ထို့ကြောင့် လီကို ခမျာ မျော့မျော့ သာကျန်တော့သည်... ဖေးဖေးပြန်လာမယ့် ကိစ္စကြောင့်သာ မဟုတ်ရင် တညလုံးများ ဆက်ကြုံးမလား မသိဘူး ဟု လီကိုတွေးမိသည်..

အိပ်ယာမှ လီကို လေးပင်စွာ ထပြီးနောက် ရေချိုးသည်..

အာလူးကြော် ယူဖို့ ဖေးဖေး မီးဖိုချောင်ကို ဝင်သွားချိန်မှာတော့ ရေမိုးချိုးပြီး လက်ဆက်နေသည့် လီကိုနှင့်ဆုံသည်.. တချက် ဖြတ်ခနဲ ခိုးကြည့်လိုက်ရုံဖြင့် ဘယ်လို အခြေအနေဆိုတာကို နားလည်လိုက်ပီး သူမ ရင်တွေဘာတွေ တုန်သွားသည်.. လီကို့ရဲ့ နှုတ်ခမ်းတွေက ဖူးနေပြီး.. သူရဲ့ ဖြူဆွတ်တဲ့လည်တိုင်မှာ အနီရောင်အမှတ်အသား များက အထင်းသား... ဒါမျိုးတွေ မလုပ်ဖူးတဲ့ ဖေးဖေးပင် ဒါဘာတွေလဲဆိုတာ ခန့်မှန်း နိုင်သည်..

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now