အခန်း-၁၉

5.2K 815 41
                                    

အခန်း-၁၉

နောက် ဆယ်ရက်ဆက်တိုက်လောက် လီကို က ဘာအစည်းအဝေးကိုမှ မတက်ဘဲ ခွင့်တင်ထားလိုက်သည်..

လဲ့ချီက ခပ်တုံးတုံးပေမယ့် သူ့သခင် ရှေ့ညက ဖြစ်ရပ်ကြောင့် စိတ်ထိခိုက်နေတာ ရိပ်မိသည်.. ထိုကြောင့် နေ့လည်စာပို့ချိန်တွင် လီကို့ကို ဂရုတစိုက်ဖြင့် ဘယ်နား နေလို့မကောင်းတာရှိလဲဟု မေးလေသည်..

ကုတင်ပေါ်မှာ လှဲနေတဲ့ လီကို က အဆင်ပြေပါတယ်ဟုသာ ပြန်ဖြေပြီး လဲ့ချီကို အနားက ထွက်သွားခိုင်း၏..

ဒီလို အဆင်ပြေပါတယ်လို့ ပြန်ဖြေတာကို ကြားရတဲ့ လဲ့ချီကတော့ မျက်လုံးဝိုင်းဝိုင်းမှာ မျက်ရည်များဝိုင်းသွားရသည်... "လူကြီးမင်း... ဒေါသကြောင့် ကိုယ့်ကိုယ်ကို ကျန်းမာရေး ပိုထိခိုက်အောင် မလုပ်ပါနဲ့နော် "

လီကို သက်ပြင်းကို ဖြည်းဖြည်းချလိုက်သည်.. "မင်း ဘာမှ ပြောမနေပါနဲ့တော့..ငါ ဘယ်အရာကို ဦးစားပေးရမယ်ဆိုတာသိပါတယ် "

လဲ့ချီက ဆက်ပြောချင်ပေမယ့် အစေခံလဲ ဖြစ်တာကတကြောင်း ဘာမှလဲ သိပ်နားမလည်တဲ့သူဖြစ်တာက တကြောင်းကြောင့် ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားတော့သည်.

လဲ့ချီ ထွက်သွားသည်ကို ကြည့်ရင်း လီကို သန်းကာစောင်ဖြင့် ကိုယ့်ကိုယ်ကို ခြုံအုပ်လိုက်သည်.. အိပ်ယာက နွေးနေတော့ သူဆက်အိပ်ချင်မိသည်.. ထိုကြောင့် လှဲနေရင်းကပင် ပြန်လည်အိပ်ပျော်သွား၏.. လဲ့ချီ ညစာလာပေးချိန်တွင်တော့ လှဲလျောင်းနေသည့် လီကိုကို ကြည့်ကာ အံ့ဩသွားသည.. "လူကြီးမင်း အိပ်နေတုန်းလား"

လီကို က မပီမသ တခုခုပြန်ဖြေသည်..

လဲ့ချီ အနားကို အမြန်ပြေးသွားကာ နဖူးကိုစမ်းလိုက်သည်.. " လူကြီးမင်း .. အဖျားရှိနေတယ်"

လီကို ဘာမှပြန်မပြောပါ..

"လူကြီးမင်း ကျွန်တော် သမားတော် သွားခေါ်လိုက်မယ်..လူကအားနည်းနေတာ အဖျားဒဏ်မခံနိုင်မှာစိုးတယ်"

လီကို ချောင်းနှစ်ခါဆိုးကာ ပြန်ဖြေလိုက်သည်.. "ရတယ် .. ဘာမှမဖြစ်ဘူး"

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now